ရွှေတောင် မြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေ

 




ရွှေတောင် မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၌ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့်ဝန်ထမ်းများက အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာနတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီ စာမေးပွဲဖြေဆိုပြီးချိန်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများကို လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

     အဆိုပါလက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင်ဆောင်းပါး၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ၊ မျိုးမြတ်မြတ်မြင့်မောင်ရေးသားထားသော"ဆက်၍ ချီပါတပ်မတော်"ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ၂၇-၃-၂၀၂၃ ရက်နေ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ ပါဝင်ကြောင်းနှင့် အဆိုပါသတင်းစကားလက်ကမ်းစာစောင်ကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။


ကိုကိုမင်း  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)