တွံတေးမြို့နယ်တွင် မြေးအဖွား ၂ ဦးသာရှိသည့်အနက် မြေးဖြစ်သူ စစ်မှုထမ်းရန် သိရှိရသဖြင့် အဖွားဖြစ်သူ နှလုံးရပ်သေဆုံးကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်တွင် မြေးအဖွား ၂ ဦးသာရှိသည့်အနက် မြေးဖြစ်သူ စစ်မှုထမ်းရန် သိရှိရသဖြင့် အဖွားဖြစ်သူ နှလုံးရပ်သေဆုံးကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 


နေပြည်တော်၊ မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် မြေးအဖွား ၂ ဦးသာရှိသည့်အနက် မြေးဖြစ်သူသည် စစ်မှုထမ်းဆောင်ရမည်ဟု သိရသည့်အတွက် အဖွားဖြစ်သူမှာ မတ်လ ၁၅ ရက်နေ့တွင် နှလုံးရပ် သေဆုံးသွားကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ ထင်ယောင်ထင်မှား မဖြစ်စေရန်နှင့် သိရှိနားလည်စေရန် အသိပညာပေး ဟောပြောခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆွေးနွေးဟောပြော ဆောင်ရွက်လျက်ရှိခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေတွင်လည်း အခြားပြုစုစောင့်ရှောက်မည့် သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်ကြောင်း ပါဝင်ခြင်းတို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေထားသည့် လက်ပံကုန်းကျေးရွာမှ မြေးအဖွား ၂ ဦးသာရှိသည့်အနက် မြေးဖြစ်သူ စစ်မှုထမ်းဆောင်ခိုင်းကြောင်း ရေးသားထားသည်မှာ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အဖွားဖြစ်သူမှာ အသက်၈၀ ကျော်အရွယ်ဖြစ်ပြီး မြေးအဖွား ၂ ဦးတည်း မဟုတ်ဘဲ ၎င်း၏ သား ၃ ယောက်၊ သမီး ၁ ယောက်တို့နှင့်အတူ တွံတေး မြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် နေထိုင်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများ၏ သတင်းတု၊ သတင်းအမှားများ၊ ကောလာဟလသတင်းများကို သတိပြုဆင်ခြင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် မိမိတို့သိရှိလိုသော သတင်းအချက်အလက်များကို ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း နိုင်ငံပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်ကြေငြာထားရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)