ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့၊ အစိုးရ၊ ဌာနဆိုင်ရာနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်သွားကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့၊ အစိုးရ၊ ဌာနဆိုင်ရာနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်သွားကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မှာကြား



မုံရွာ၊ မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက (Video Conferencing) စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်၊ ရပ်ကွက်ကျေးရွာများအလိုက် လုံခြုံရေးအထောက်အကူ ပြုနိုင်ရန်အတွက် ပြည်သူ့စစ်များ ဖွဲ့စည်းနိုင်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ဆန့်ကျင်ဖက် အဖွဲ့အစည်းများမှ ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် ကောလာဟလများ ထုတ်လွှင့်နေခြင်းကြောင့် ဝန်ထမ်းများ၊ ပြည်သူများ သတင်းမှန် သိရှိနိုင်စေရေး ရှင်းလင်းဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့၊ အစိုးရ၊ ဌာနဆိုင်ရာနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးတွင် အဓိကသီးနှံများ စိုက်ဧကပြည့်မီအောင်စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာလုပ်ငန်းများအတွက် အရေးပါသည့် မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းချွေလှေ့ခြင်း လုပ်ငန်းများတွင် လယ်ယာသုံးစက် ကိရိယာများအား အပြည့်အဝအသုံးချကာ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးကာ သီးနှံအထွက် နှုန်းတိုးမြှင့်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ လျာထားအခွန်အခများ ပြည့်ဝစွာ ကောက်ခံရရှိရန် လိုအပ်သကဲ့သို့ တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီ ပြီးစီးရေးတို့အား တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူ ရေးအဖွဲ့များမှလည်း အဆောက်အဦစာရင်းများအား ကောက်ခံလျက်ရှိရာတွင် သတ်မှတ်ကာလ အတွင်း ရာနှုန်းပြည့်ပြီးစီးရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ကြပ်မတ်ဆောင်ရွက်သွားကြရန် နှင့် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပတော့မည်ဖြစ်၍ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် လုံခြုံအေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊  တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာ ယာလှပရေးနှင့် မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်၊ စားသုံးဆီနှင့် စက်သုံးဆီဖြန့်ဖြူး ရောင်းချပေးနေမှု၊ အငြိမ်းစားဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေးစောင့် ရှောက်ပေးနေမှုအခြေအနေများ၊ ပေးအပ်ထားသည့် တာဝန်များအပေါ် ကျေပွန်စွာဆောင်ရွက် နေမှုအခြေအနေများနှင့် ပတ်သက်၍ (Power Point) ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြ ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက (Video Conferencing) စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေး နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့် စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)