ဖျာပုံမြို့ နယ်ဂျိုဝါ​ကျောက်ရဲကျေးရွာတွင် ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့ နယ်ဂျိုဝါ​ကျောက်ရဲကျေးရွာတွင် ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်



ဖျာပုံ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ဂျိုဝါကျောက်ရဲကျေးရွာအုပ်စုတွင် အသက် (၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်" လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်​နေ့ နံနက်ပိုင်းအချိန်က အဆိုပါ​ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက် (၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်၍ လက်ထောက် လ-ဝ-က မှူးများ နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ဂျိုဝါ​ကျောက်ရဲကျေးရွာအုပ်စုရှိ အသက် (၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိဘဲ စဥ်ဆက်မပြက် အမြဲနေထိုင်သူများအား ငါးဦးကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာ မြို့နယ်များနှင့် ချိတ်ဆက် ညှိနှိုင်းပယ်ဖျက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ဖျာပုံမြို့နယ်အနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့လည်း နေ့ရက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ များကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။


အောင်ဝင်းနိုင်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)