ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ



ကျိုင်းတုံ မတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက မြို့တော်ခန်းမတွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများ၊  ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းကိုက ၂၀၂၃ ခုနှစ်တွင် မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအခြေအနေများ၊ မီးလောင်မှုအရေအတွက် (Fire Hotspot)ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့် သတင်းထုတ်ပြန်ခြင်း၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာမျှဝေခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း၊ တောင်စောင်းစိုက်ပျိုးရေးစနစ် ကျင့်သုံးခြင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများကို စောင့်ကြည့်လေ့လာခြင်း စသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပက်သက်၍ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိတို့က မီးခိုးမြူငွေ့ညစ်ညမ်းမှု ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို အသီးသီးတင်ပြဆွေးနွေးကြပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိးဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


အောင်ဇင်မြ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)