ပုလောမြို့နယ်၌ မြို့နယ်အဆင့် အလယ်တန်း/မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၌ မြို့နယ်အဆင့် အလယ်တန်း/မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်လှစ်

 


ပုလော မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အလယ်တန်း/ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ပုလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလယ်တန်း/မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပညာရေး မူဝါဒများကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် နှင့် သင်ကြားမှု အရည်အသွေးများ မြှင့်တင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပညာရေးဌာနမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ပုလောမြို့နယ်ရှိ အလယ်တန်းပြ ဆရာ/ဆရာမ ၂၆၈ ဦး၊ မူလတန်းပြ ဆရာ/ဆရာမ ၃၈၆ ဦး စုစုပေါင်း ၆၅၄ ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကာလမှ မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။


အေးအေးမော်(ပုလော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)