ရွှေတောင်မြို့နယ်တွင် နွေနှမ်း စိုက်ပျိုးနိုင်ရေး ရေပေးဝေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နွေနှမ်း စိုက်ပျိုးနိုင်ရေး ရေပေးဝေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

 



MNP ၊ ရွှေတောင် မတ် ၆

      ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ခရီးစဉ်လမ်းညွန်မှာကြားချက်များ  နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက ဒေသအတွင်းဆီဖူလုံမှုရရှိစေရေးအတွက် ဆည်ကြီးကုန်း ဆည်ရေဖြင့် တတိယသီးနှံ နွေနှမ်းလျာထားဧက ( ၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး ဝါးတောကျေးရွာအုပ်စုနှင့်မီးလောင်ကျေးရွာအုပ်စုများရှိ တောင်သူများအား ထပ်မံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

                  ထိုသို့  တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ( မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌ ဦးဟံဝင်းအောင်က တောင်သူများအား စည်းရုံး၍ ကွင်းအမှတ်   (၄၈၂ ၊၄၈၉) ကွင်းများတွင် ရေပေးမြောင်းများ ပြန်လည်တူးဖော်ဆောင်ရွက်ပေးခြင်း၊နွေနှမ်းမျိုးဖြစ်သည့်  မကွေးနှမ်းနက်( ၁/ ၂၀၂၄) မျိုးများ   မှာယူဖြန့်ဖြူးပေးခြင်း၊ လိုအပ်သည့် သွင်းအားစုများ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်မတ်လ ၄ ရက်နေ့မှစ၍ဆည်ကြီးကုန်းဆည်မှ ဆည်ရေစတင်ပေးဝေလျက်ရှိကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)