ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော ရေပုတ်ကြီးရွာသို့ ခရီးသွားပြည်သူများ မလွဲဧကန်အမှန် လှမ်းလာတော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော ရေပုတ်ကြီးရွာသို့ ခရီးသွားပြည်သူများ မလွဲဧကန်အမှန် လှမ်းလာတော့မည်


MNP ၊ပွင့်ဖြူ မတ် ၁၀

ရေပုတ်ကြီးရွာသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင်ရှိပြီး ရေပုတ်ကြီးကျေးရွာမှ မောင်မယ်လေးများ၏ မြန်မာ့ယဉ်ကျေးမှု‌အမွေအနှစ်တစ်ခုဖြစ်သော ဆံရစ်ဝိုင်းပုံအလှတရားများကြောင့် မြန်မာနိုင်ငံတစ်နှံတစ်လျားရှိ သတင်းမီဒီယာ၊ ဓာတ်ပုံ၊ ရုပ်ရှင်ဂီတ၊ သတင်းစာ ဂျာနယ်အဆုံး လူသိများလာခဲ့ခြင်းဖြစ်သည်။ 

ရေပုတ်ကြီးရွာသည် ရှေးယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ လူသူအ‌ရောက်အပေါက် နည်းလှသည်။ လမ်းပန်းဆက်သွယ်ရေးကမကောင်း၊ လျှပ်စစ်မီးကလည်း မရရှိသည့်အပြင် ဒေသဖွံ့ဖြိုးရေးကပါ နိမ့်ကျလှသဖြင့် ကလေးငယ်များမှာ မူလတန်းအထိသာ ပညာသင်ကြားရပြီး၊ အလယ်တန်း ဆက်တက်ချင်ပါက ရွာနဲ့ ရှစ်မိုင်ဝေးတဲ့ ရှောက်တောအထိ ကျောင်းသွားတက်ကြရသည်။

ရေပုတ်ကြီးကျေးရွာသည် အိမ်ခြေပေါင်း ၆၇၃ အိမ်ရှိပြီး အိမ်ထောင်စုပေါင်း ၇၀၄ စုနှင့်လူဦးရေ ၃၄၀၀ ကျော်ရှိကာ ဆံရစ်ဝိုင်းထားသူ ကလေးငယ် ၇၀၀ ကျော်ရှိ၍၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသော်လည်း မိုးတွင်းမှာသာ စိုက်ပျိုးနိုင်ကြပြီး ဆောင်းရာသီနှင့် နွေရာသီများတွင် ရွာကကုန်းမြင့်ဖြစ်၍ ဆည်ရေမတက်သည့်အတွက် မစိုက်ပျိုးနိုင်ဘဲ မိရိုးဖလာ ရက်ကန်းလုပ်ငန်းများကိုသာ လုပ်ကိုင်ရကြောင်းလည်း သိရသည်။

၂၀၁၅ ခုနှစ်တွင် အလယ်တန်းကျောင်း စတင်ရရှိကာ ယင်းနောက်တွင် မြေနီလမ်း၊ လျှပ်စစ်မီးတို့ ရရှိလာခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ရွာထိပ်ရှိ ရေကန်ကြီးအားတူးဖော်ထားပြီး၊ ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းများလည်း ဆောင်ရွက်နေခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အထက်တန်းကျောင်း (ခွဲ) အထိ အဆင့်တိုးမြှင့်ရရှိခြင်းတို့ကြောင့် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်စနစ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာကာ ရေ၊ မီးနှင့် လမ်းများ ကောင်းမွန်လာသည့်အပြင် ပညာရေးပါ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ထို့ကြောင့် ရွာ၏အရှေ့ဘက်တွင်ရှိသော ကန်ကြီး၏ရေနှင့်ကြာတို့၏လှပတင့်တယ်မှု၊ ရွာဦးထိပ်တွင်ရှိသောဘုရား၊ တန်ဆောင်း၊ ကျောင်းကန်များက ကျက်သရေမင်္ဂလာနှင့် ပြည့်စုံမှုရှိသည့်အပြင် ရွာမှကလေးငယ်များ၏ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆံရစ်ဝိုင်းပုံအလှတရားများရှိရာ ရေပုတ်ကြီးကျေးရွာသို့ ခရီးသွားပြည်သူများ မလွဲဧကန် အမှန်လှမ်းလာတော့မည် ဖြစ်ပါတော့သည်။


ဇေယျာထက်

https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)