အုတ်ဖို မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွ(ဂျီ) ကျေးရွာအုပ်စု၊ ဇီးဖြူကွင်း ကျေးရွာတွင် မတ်လ ၂၃ ရက်နေ့ည ၁၁ နာရီ ၅၅ အချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇီးဖြူကွင်းကျေးရွာနေ ဒေါ်ခင်မာဝင်း၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိမီးဖိုချောင်တွင် ကာရန်ထားသည့် ထရံအားမီးစွဲလောင်ရာမှ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်းနေအိမ်ကို မီးစွဲလောင်ခဲ့ခြင်းဖြစ်ပြီး အုတ်ဖိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့မှ ရေသယ်ယာဉ် (၁) စီး၊ အရန်မီးတပ်ဖွဲ့ဝင် (၆)ဦးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့သည်။ မီးလောင်မှုကြောင့် နေအိမ် (၁)လုံး ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment