ထန်းတပင်မြို့နယ်၌ ပရိယတ္တိသဒ္ဓမ္မဟိတကာရီ စာမေးပွဲစာအောင် သံဃာဆုပေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ပရိယတ္တိသဒ္ဓမ္မဟိတကာရီ စာမေးပွဲစာအောင် သံဃာဆုပေးပွဲ ကျင်းပ



ထန်းတပင်(ရန်ကုန်) မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ပရိယတ္တိသဒ္ဓမ္မဟိတကာရီ စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာများအား အောင်လက်မှတ်နှင့် ဆုများဆက်ကပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဒိတ်ကုန်းကျေးရွာအုပ်စု၊ သရက်ခြံကျေးရွာရှိပညာ ပါရီဓမ္မရိပ်သာ ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များ နှင့်တပည့် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌ စိန္တိတာရာမ နိမ္မိတာရုံ ကျောင်းဆရာတော် ဘဒ္ဒန္တ စိန္တိတထံ မှငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသီလာစာရထံမှ တပည့်ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှ သြဝါဒကထာကို နာယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအေးဝင်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်သံဃနာယကဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသော ပရိယတ္တိသဒ္ဓမ္မဟိတကာရီ စာမေးပွဲ ပထမငယ်တန်း၊ အခြေပြုမူလတန်း၊ အခြေပြုတန်းနှင့် ရှင်သာမဏေတန်းတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသည့် အထူးစာအောင် သံဃာ (၁၁)ပါးနှင့် ပထမငယ်တန်းတွင်အောင်မြင်တော်မူသည့် စာအောင်သံဃာ (၄)ပါး၊ အခြေပြုမူလတန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၂၁)ပါး၊ အခြေပြုတန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၂၂)ပါးနှင့် ရှင်သာမဏေတန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၁၀၉)ပါးတို့အား မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသီလာစာရ၊ မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌ စိန္တိတာရာမ နိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ စိန္တိတ၊ မြို့နယ် သံဃနာယက အဖွဲ့ဝင်ဆရာတော်များနှင့် တာဝန်ရှိသူများက အောင်လက်မှတ်များနှင့် ဆုများကို ဆက်ကပ်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)