ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်းကျေးရွာတွင် ဆီထွက်သီးနှံဆောင်းနေကြာ စံပြစိုက်ခင်းရိတ်သိမ်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်းကျေးရွာတွင် ဆီထွက်သီးနှံဆောင်းနေကြာ စံပြစိုက်ခင်းရိတ်သိမ်းပွဲ ကျင်းပ

 



MNP ၊ဒေးဒရဲ မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒူးဒါးမလိမ်းကျေးရွာရှိ တောင်သူ ဦးဆန်းလွင်၏ ကွင်းအမှတ်(၃၆၂)၊ ဦးပိုင်အမှတ်(၂/၆)၊ ဧရိယာ(၁၀)ဧကတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ Super Sun (41) စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်  (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ ဆီထွက်သီးနှံဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မောင်မောင် နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ကျုံဒူးဒါးမလိမ်းကျေးရွာ တောင်သူဦးဆန်းလွင်၏ လယ်မြေ(၁၀)ဧကတွင် ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းခြွေပြီး တစ်ဧကလျှင် နေကြာ(၂၅.၄၈)တင်း ထွက်ရှိကြောင်း သိရှိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)