ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု၌ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု၌ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ

  




ဂွ  မတ်လ  ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၃)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ များ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ဂွမြို့နယ်တွင်  အ.ထ.က(ဂွ)ရှိ (ဂွ)စာစစ်ဌာန၊ အ.လ.က(မြို့သစ်)ရှိ ဆပ်သွားစာစစ်ဌာန ၊ အ.ထ .က(ကျိန္တလီ)ရှိ ကျိန္တလီ စာစစ်ဌာနများတွင် အတွင်းဖြေဆိုသူ၃၅၃ ဦး၊ အပြင်ဖြေဆိုသူ(၉)ဦး၊ စုစုပေါင်း(၃၆၂)ဦးရှိပြီး၊ ပျက်ကွက်သူ အတွင်းဖြေ(၇)ဦး၊ အပြင်ဖြေ(၁)ဦး၊ စုစုပေါင်း(၈)ဦးရှိကြောင်းနှင့် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၇.၈၄ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်၊

ဂွမြို့နယ်တွင်   မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ ကြီးကြပ်အဖွဲ့များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ကျ ကြီးကြပ်ဆရာ၊ဆရာမများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စာစစ်ဌာနများအလိုက် ကြီးကြပ်လျက်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)