တိုင်းဖျက် ပြည်ဖျက် အမျိုးယုတ်တွေ များတဲ့ တိုင်းပြည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဖျက် ပြည်ဖျက် အမျိုးယုတ်တွေ များတဲ့ တိုင်းပြည်



တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကိုလွှဲပြောင်းရယူပြီး တာဝန်ထမ်းဆောင်ခဲ့တာ သုံးနှစ်ကျော် ကာလ ဖြစ်ခဲ့ပါပြီ။ တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေတဲ့ ကာလတလျောက် NLD ပါတီမှ နိုင်ငံရေးသမားများ၊ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်ရဲ့ သားတပည့်များ ဖြစ်ကြတဲ့ ၈၈ ကျောင်းသားအိုကြီးများက ဦးဆောင်ပြီး ဆူပူမှုမှသည် အကြမ်းဖက်လှုပ်ရှားမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြပါတယ်။

မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံရှိကြသည်နှင့်အညီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလည်း များလွန်းလှပါတယ်။ ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ကချင်တိုင်းရင်းသားလက်နက်ကိုင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအပြင် အခြားသော တိုင်းရင်းသားလူမျိုးစုများမှာလည်း လက်နက်ကိုင်အဖွဲ့များ ရှိနေကြပါတယ်။

လက်နက်ကိုင်အဖွဲ့များလွန်းရခြင်းရဲ့ အကြောင်းရင်းခံကတော့ အုပ်ချုပ်ရေးဆိုင်ရာ အဂတိလိုက်စားမှုတွေနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် ဆိုတာလည်း ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တာဝန်ရှိသူများဟာ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ကိုယ်ကျိုးရှာလိုမှုတွေ များလွန်းမက များလာတဲ့အခါ ပြည်သူများမှာ ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့အခွင့်အရေးကို မရဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတာဝန်ရှိသူများရဲ့ လွဲမှားတဲ့ လုပ်ရပ်တွေအပေါ် မုန်းတီးနာကျည်းစိတ်က လူမျိုးရေးသွေးထိုးလှုံ့ဆော်သူတွေ၊ လက်နက်ကိုင်ပြီး ကိုယ်ကျိုးရှာလိုသူတွေရဲ့ လက်အောက်ကို ရောက်ပြီး မဖြစ်သင့်တာတွေ ဖြစ်လာရတာပဲ ဖြစ်ပါတယ်။

တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရအနေနဲ့ရော ဒေသဆိုင်ရာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှာ တာဝန်ထမ်းဆောင်နေသူတွေရဲ့ လွဲမှားတဲ့ ဆောင်ရွက်ချက်တွေအပေါ် တိကျစွာ ကြပ်မက်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသည့်အတိုင်း နိုင်ငံတော်မှာ အဖျက်အမှောင့် လုပ်ရပ်တွေ ကြုံတွေ့နေရတဲ့အချိန်မှာ ရာထူး၊ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့် ရှိသူတွေဟာလည်း တောကြောင်များသဖွယ် မလိုလားတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာကို မြင်တွေ့ရပါတယ်။ တာချီလိတ်မှာ ဖမ်းဆီးရမိတဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက် အဖွဲ့ထဲမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ဦးဆောင်နေတဲ့ ဆိုတာက ဆိုးရွားလွန်းတဲ့ လုပ်ရပ်ပါပဲ။ ပြင်ဦးလွင်ဘက်မှာ နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်မြေလပ်များ ချထားပေးဖို့ လမ်းညွှန်ခဲ့ပါတယ်။ စိုက်ပျိုးရေးကို တကယ်လုပ်ကိုင်လိုသူများလည်း လျောက်ထားကြသလို မြေပွဲစားများ (လုပ်စားနေသူများ)လည်း လျောက်ထားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြေလွတ်မြေလပ်လျှောက်ထားဖို့ သက်ဆိုင်ရာတာဝန်ရှိသူနဲ့ တွေ့ခွင့်ရဖို့ကိုတောင် ရုံးလုလင်ကအစ ငွေမရရင် တွေ့ခွင့်မရအောင် လုပ်တဲ့အခြေအနေမျိုး ကြုံတွေ့ရတဲ့ အခြေအနေကိုလည်း ဆက်သွယ်ပြောဆိုကြပါတယ်။

ဒီအခြေအနေက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ရုံးဌာနများမှာ ရုံးလုလင်ကစပြီး ရာထူး၊ တာဝန် လုပ်ပိုင်ခွင့်ရှိသူများဟာ လုပ်ပိုင်ခွင့် ရရင် ရသလို ကိုယ်ကျိုးစီးပွားရှာလိုမှုက ပြည်သူများကြားမှာ မကျေနပ်မှုတွေကြီးထွားလာခြင်းပဲ ဖြစ်ပါတယ်။ ဘယ်အစိုးရပြောင်းပြောင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးရုံးဌာနတွေမှာ ပြည်သူ့အကျိုး ဆောင်ရွက်နေတာပါလားလို့ သဘောမထားဘဲ ပြည်သူများအပေါ်က ဂုပ်သွေးစုပ်ဖို့ လုပ်ပိုင်ခွင့်ရထားသလို ထင်နေတဲ့ အကျင့်စိုးတွေဟာ တိုင်းပြည်ကို ကမောက်ကမဖြစ်စေတာပါပဲ။

တပ်မတော်ကနေ အရပ်ဘက်၊ ရဲဘက်ကို ရောက်လာတဲ့ ပုဂ္ဂိုလ်များမှာလည်း ထိုနည်းတူစွာ ဖြစ်ကြတာတွေ ရှိပါတယ်။ လက်ရှိကာလမှာဆိုရင် မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှာ တပ်မတော်အရာရှိများ ထည့်သွင်းတာဝန်ပေးအပ်ထားတာ ရှိပါတယ်။ တပ်မတော်အရာရှိများက အရပ်ဘက်မှာ ပျက်ယွင်းနေတာကို မကုစားတဲ့အပြင် တချို့ဒေသတွေမှာ အရပ်ဘက်ဝန်ထမ်းများနဲ့ အလိုတူ အလိုပါ လုပ်နေကြခြင်းကြောင့် ပြည်သူများက တပ်မတော်အပေါ် ပိုပြီး အထင်လွဲအမြင်မှား ဖြစ်ကြရတာရှိပါတယ်။

တပ်မတော်အကြီးအကဲများက အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်နေတဲ့အပေါ်မှာလည်း တချို့သော တပ်မတော်အရာရှိများကတော့ အမျိုးသားရေးဆိုတာကို ခေါင်းထဲမှာ မရှိပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာလို့ ပြောရင်တောင် မျက်စိပျက် မျက်နှာပျက် ဖြစ်နေတဲ့ အရာရှိမျိုးတွေ တွေ့ဖူးပါတယ်။ သံဃာကို သံဃာမှန်းသမိ သံဃာတော်များအပေါ်မှာတောင် မထေမဲ့မြင် ပြုတဲ့ တပ်ကအရာရှိတွေကိုလည်း ဒီကာလမှ တွေ့မြင်ခဲ့ရပါတယ်။

တချို့တွေက တပ်တွင်းမှာ ဂျေဝင်ပြီး တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လှုပ်ရှားလာတာမျိုးတွေအထိ တွေ့ကြမှာ ဖြစ်ပါတယ်။ အထင်ရှားဆုံးအနေနဲ့ ဒီကာလမှာ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နေမျိုးဇင်၊ ထက်မြတ် (CDM ဗိုလ်ကြီး) တို့ ဆိုတဲ့ကောင်တွေဟာ သစ္စာဖောက်အကြီးစားတွေပါပဲ။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိတဲ့အတွက် အရေးတစ်ခုပေါ်လာရင် တိုင်းရင်းသားပြည်သူများကြား လူမျိုးရေးအမုန်းတရား ဖြန့်ဝေတာမျိုးကလည်း ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်နက်တစ်ခုပါပဲ။ တကယ်တော့ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစေလိုတဲ့အထဲမှာလည်း လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ တိုင်းပြည်ကို ဖျက်ဆီးပြီး လက်ညှိုးထိုးရောင်းစားနေတဲ့ အထဲမှာလည်း လူမျိုးပေါင်းစုံ ပါဝင်နေတာပဲ မဟုတ်ပါလား။ 

ယနေ့ဖြစ်ပေါ်နေတဲ့အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြတယ်။ ဗမာအများစုက ဦးဆောင်တယ်။ အဲဒီ ဗမာတွေရဲ့ ဦးဆောင်မှုနောက်ကို KNU, KNLA မှ ကရင်ဆိုသူတွေက လက်တွဲပြီး အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာပဲ။ KIA ဆိုတဲ့ ကချင်ကလည်း ဗမာမုန်းတီးရေးလှုံ့ဆော်ပြီး ဗမာတွေအချင်းချင်းသတ်ကြဆိုပြီး အကြမ်းဖက်လှုပ်ရှားမှုကို ဓာတ်ဆီလောင်းပေးရုံမျှမက KIA တပ်ဖွဲ့ဝင်များက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဗမာတွေ အချင်းချင်းသတ်ကြဖို့သာမက သံဃာတော်များကို သတ်ဖြတ်သည်အထိ ယုတ်မာရိုင်းစိုင်းခဲ့ကြပြီ မဟုတ်ပါလား။ NLD ပါတီက နိုင်ငံရေးသမားဆိုသူတွေကို ကြည့်လိုက်ရင် တိုင်းရင်းသားပေါင်းစုံပါနေတာပဲ။ ၈၈ ကျောင်းသားအိုကြီးများအဖွဲ့က နိုင်ငံရေးလှုံ့ဆော်သူတွေနဲ့ ပူးပေါင်းပြိး ကရင်၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင် အားလုံးက တိုင်းဖျက် ပြည်ဖျက် လုပ်ခဲ့ကြသလို မြန်မာတိုင်းရင်းသားလူမျိုးများစာရင်းမှာ မပါဝင်တဲ့ ခိုးဝင်ဘင်္ဂါလီကို လူမျိုးလိမ်အမည်နဲ့ အသိအမှတ်ပြုပေးဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့အထဲမှာလည်း ဘင်္ဂါလီလူမျိုးလိမ်အရေးလှုပ်ရှားနေသူတွေနဲ့ လက်တွဲပြီး ဆောင်ရွက်နေကြတာလဲ သူတို့တွေပဲ မဟုတ်ပါလား။

အများပြည်သူအနေနဲ့ မှန်ကန်စွာ သိမြင်နားလည်သင့်တာကတော့ တိုင်းပြည်မှာ ဗမာတွေကချည်း အမျိုးယုတ်တာ မဟုတ်ပါဘူး။ ဗမာအမျိုးယုတ်တွေရဲ့ ဦးဆောင်မှုနောက်မှာ သံယောင်လိုက်ပြီး လုပ်စားနေတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင် အခုနောက်ပိုင်း ဘာသာ သာသနာအပေါ် အလေးထားပါတယ်ဆိုတဲ့ ပအိုဝ်းတိုင်းရင်းသားထဲက အမျိုးယုတ်တွေရဲ့ ဇာတိသရုပ်ကိုလည်း မြင်တွေ့လာရပြီ မဟုတ်ပါလား။

အာဏာရမ္မက်ထနေတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများက ပြည်သူများကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး ပြည်ဖျက်စီမံကိန်းကြီး လုပ်ဆောင်နေကြတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတချို့ကလည်း ပြည်သူလူထုအပေါ်က ဂုပ်သွေးစုပ်ပြီး ကိုယ်ကျိုးရှာနေကြတယ်။

အမျိုးယုတ်များကို နှစ်မျိုးနှစ်စား ခွဲကြည့်မယ်ဆိုရင် ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားတဲ့ ပြည်ဖျက်မိစ္ဆာအမျိုးယုတ်များက တစ်အုပ်စု၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး အများပြည်သူအပေါ်က ဂုပ်သွေးစုပ်ပြီး လုပ်စားလိုတဲ့ အမျိုးယုတ်က တစ်အုပ်စုရှိတယ်ဆိုတာကို ထင်ရှားစွာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)