ဒေးဒရဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး



ဒေးဒရဲ ၊  မတ် ၁၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဘိလပ်မြေရောင်းချလျက်ရှိသည့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၁)က မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသိန်းမောင် ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဘိလပ်မြေဆိုင်များ အရောင်းလိုင်စင် ရှိ/မရှိ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ ကုန်လက်ကျန်နှင့်ပစ္စည်း ပြတ်လပ်မှုမရှိစေရေး၊ ကုန်ပစ္စည်းများအား သတ်မှတ်အရည်အသွေးများနှင့်အညီ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ စျေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေးနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)