ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်




ပေါင်        မတ်       ၁၃

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်တွင်  မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက်၊မင်္ဂလာဈေး၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးမြတ်ကိုကို က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်

အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုပုံ မီးငြှိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ယာဥ်များဖြင့် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့သည်။ 

ထို့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း၊ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါမီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်‌နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှူအားပေးခဲ့‌ ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)