ကွန်ဟိန်းမြို့၊ မူလတန်းကြိုကျောင်း၌ သံချဆေးနှင့် ဗီတာမင်အေအားဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့၊ မူလတန်းကြိုကျောင်း၌ သံချဆေးနှင့် ဗီတာမင်အေအားဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက်



ကွန်ဟိန်း မတ် ၂၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အစိုးရမူလတန်းကြိုကျောင်း၌ သံချဆေးနှင့် ဗီတာမင်အေအား ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မူကြိုကလေးငယ်များ ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါများကင်းဝေးစေရန် ရည်ရွယ်၍ သံချဆေးနှင့် ဗီတာမင်အေအားဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများက သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။


အဆိုပါဆေးတိုက်ကျွေးမှုတွင် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ အရပ်တိုင်းခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကွန်ဟိန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)