မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဖြေဆိုနေမှု ကြည့်ရှု အားပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဖြေဆိုနေမှု ကြည့်ရှု အားပေး

007

ကျိုက်မရော၊ မတ် ၁၂

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်း က ကျိုက်မရောမြို့ (အ.ထ.က) ကျောင်း စာစစ်ဌာနသို့ သွားရောက်ပြီး (၂၀၂၃-၂၀၂၄) ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့  အင်္ဂလိပ်စာအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ  ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် မလိုလားအပ်သည့် အသံများ ဆူညံမှု မဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် တာဝန်ထမ်းဆောင်ပေးကြသည့် ဆရာ၊ ဆရာမ များ၊ ဌာနဆိုင်ရာများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ကျိုက်မရောမြို့နယ်၌  ၂၀၂၄ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေ ဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၃)ရှိရာ ဖြေဆိုမှု  ၈၉ ဒသမ ၉၁ ရာခိုင်နှုန်း  ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။


ချိုမြတ်မြတ်ထွေး

#News

No comments:

Post a Comment

Donate and Support

Pages