မေတ္တာရပ်ခံချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မေတ္တာရပ်ခံချက်


ပြည်ဖျက်မီဒီယာများ နည်းမျိုးစုံဖြင့် လုပ်ကြံဖန်တီး လှုံ့ဆော်ရေးသားနေမှုများကြောင့် မိမိတို့ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို များစွာထိခိုက်နစ်နာ နေချိန်၊ အကြမ်းဖက်မှုပေါင်းစုံနှင့် မြန်မာနိုင်ငံကြီးကို ဖျက်ဆီးခံရနေချိန်မှာ သတင်းမီဒီယာ အတတ်ပညာဖြင့် တိုင်းကျိုးပြည်ကျိုး သယ်ပိုး ထမ်းဆောင်ကာ ကြမ်းဖက်သမားများရဲ့အန္တရာယ်ကိုမမှုဘဲ သတင်းသမားတစ်ဦးအနေဖြင့်  မီဒီယာမဏ္ဍိုင် စည်းကမ်းလမ်းညွှန်ချက်နှင့်အညီ အပြုသဘောဆောင် ဝေဖန် ထောက်ပြ သတင်းမှန်တင်ပြပေးနေသော တိုင်းချစ်ပြည်ချစ်( People Media ) တာဝန်ခံ ဦးကျော်စိုးဦးအား တာဝန်ရှိသူများက စစ်ဆေးမေးမြန်းရန်ဟု (၁၉-၃-၂၀၂၄) ရက်နေ့က ခေါ်ယူခဲ့ကြောင်း ကြားသိရပါသည်။

ယနေ့ထိ မိသားစုထံ ပြန်လည်စေလွှတ်ပေးခြင်း မရှိကြောင်းကို ကြားသိရပါသည်။ 

သို့ဖြစ်ပါသော်ကြောင့် ဦးကျော်စိုးဦး( People Media )၏ အိမ်ပြန်လမ်းကို မျှော်လင့်စောင့်ကြိုနေကြသည့် သူ၏မိသားစုနှင့် အတူ ချစ်ခင်လေးစား ထောက်ခံ အားပေးကြသော မိဘပြည်သူအပေါင်းတို့၏ စိတ်နှလုံး မချမ်းမြေ့ ပူပန်မှုများ ဖြစ်နေပါသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ရှိသူများအနေဖြင့် ဦးကျော်စိုးဦး (People Media ) အား ညှင်သာနားလည်မှုရှိသော နည်းလမ်းများဖြင့်သာ ဆောင်ရွက်ပေးနိုင်ပါရန် ရဟန်းရှင်လူ ပြည်သူများ ကိုယ်စား မိမိတို့ မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)မှ မေတ္တာရပ်ခံအပ်ပါသည်။


မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)