တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ မတ် ၇

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်း ဒေသကြီး၊ ပြည်နယ်ညွှန်ကြား ရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၊ တက်ရောက်ကြပြီး ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးများမှ တာဝန်ခံအရာရှိများ က Onlineဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူး ရုံးများသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့်အညီ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝမြင့်မားရေးသည်လည်း လွန်စွာအရေး ကြီးကြောင်း၊ ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားစီမံကိန်းဥပဒေပါ လုပ်ငန်း ၂၄ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်ပြီးစီး နိုင်ရေးအထူးကြပ်မတ်ဆောင် ရွက်ကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများအနေ ဖြင့် မိမိတို့၏ လုပ်ငန်းစွမ်းဆောင် ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့် အပြန်အလှန် အမှီသဟဲပြုနေသဖြင့် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေ အနေများကိုတင်ပြကြသည်။

ဆက်လက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိ များက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာ အပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြ ဆွေးနွေးကြရာ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးက ခြုံငုံ သုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)