မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး




တောင်တွင်းကြီး မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေတွင် သဲဖြူဆရာတော်ဘုရားကြီး၏ သြဝါဒကိုခံယူ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်မည် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကြိုတင်လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား မတ်လ ၂၄ ရက်နေ့နံနက်(၈)နာရီက လာရောက်ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဧပြီလ(၅,၆,၇)ရက်နေ့တွင် ကျရောက်မည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲအခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ရာ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများဖြစ်ကြသည့် အဆောက်အဦးမဏ္ဍုပ်များ ဆောက်လုပ်ထားရှိခြင်း၊ ရေလှောင်ကန်များထားရှိခြင်း၊ အုတ်ရေကန်ဟောင်းများ ပြန်လည်တူးဖော်ထားရှိခြင်း၊ တည်းခိုဆောင်များ မြို့နယ်အလိုက် စိစစ်တပ်မှတ်ထားရှိခြင်း၊ ကန်၊ ဆည်များ ပြင်လည်တူးဖော်၍ လိုအပ်လျှင် ပြန်လည်အသုံးပြုနိုင်ရန် ပြင်ဆင်ထားရှိခြင်းအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့သည်။

ထိုသို့ ကြည့်ရှုရာတွင် တိုင်းဒေသကြီးအဆင့်အကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်ပြသခဲ့ကြရာ မကွေးတိုင်ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ရန်နောင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)