အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမ၌ဒို့ကျေး ရွာဂျာနယ်ဆောင်း ပါးဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမ၌ဒို့ကျေး ရွာဂျာနယ်ဆောင်း ပါးဖြင့် စာဖတ်ဝိုင်းကျင်းပ


 




 MNP ,  မတ် ၅ ရက်

  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ဒို့ကျေးရွာဂျာနယ်အတွဲ (၂၀)၊အမှတ်(၃)မှ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးမှသည် ပြည် ထောင်စုကြီးတည်တံ့ရေးဆီသို့ ဆောင်းပါးဖြင့် ယမန်နေ့ နေ့လည်အချိန်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

    ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူလူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိ တ္တများဘက် စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့် တင်ရေး စာဖတ်ဝိုင်းများကျင်းပပေးခြင်းဖြစ်ကြောင်း၊ လူကုန်ကူး

မှုနှင့်ပတ်သက်၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ၊ လူကုန်ကူးခြင်းဖြစ် လာနိုင်သည့်လူသစ်စုဆောင်းခြင်း၊သယ် ယူပို့ဆောင်ခြင်း၊ လွှဲ ပြောင်းခြင်း၊ရောင်း ချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊လက် ခံထားခြင်း အသိပညာပေးအကြောင်း အရာများ၊ လူကုန်ကူးမှုသားကောင်ဖြစ် လာနိုင်ပုံ၊ အမျိုးသမီးများကို ပြည်တန် ဆာအဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့သူ များကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းများ၊  လူကုန်ကူးသူများ ၏လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမခံရ​ေစရေး အတွက်အသိပညာပေးအကြောင်းအရာများကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်များအား ရှင်းလင်းဆွေးနွေးပြောကြားကာ 

ဒို့ကျေးရွာဂျာနယ်ပါ တိုင်းရင်းသားစည်း လုံးညီညွတ် ရေးမှသည် ပြည် ထောင်စုကြီးတည်တံ့ရေးဆီသို့ဆောင်းပါမှ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်း သားမျိုးနွယ်စုပေါင်း ၁၀၀ ကျော်ဖြင့် စုစည်းညီညွတ်စွာ ဖွဲ့ စည်း တည်ထောင်ထားသည့် နိုင်ငံတော်ဖြစ်ပြီး ရေမြေသဘာဝနှင့် နေရာဒေသအ လိုက် ဘာသာစကား၊ ဓလေ့စရိုက်နှင့် လူမျိုးအခေါ်အဝေါ် မျိုးနွယ်အသီးသီး ကွဲပြားခြားနားကြသော် လည်း မြန်မာတိုင်းရင်းသားအားလုံးသည် ရှေးပဝေ သဏီကတည်းကပင် အတူ တကွလက် တွဲ၍ ညီရင်းအစ်ကိုယ် မောင်နှစ်မရင်း သွေးချင်းသားချင်း မိသားစုဝင်များကဲ့ သို့ နေထိုင်ခဲ့ကြောင်း ၊ အမိမြန်မာပြည်အတွင်း မှီတင်းနေ ထိုင်ကြသော တိုင်း ရင်းသားလူမျိုးအားလုံးတို့တွင်ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓ‌လေ့ထုံးတမ်း၊ ကိုးကွယ် ယုံကြည် မှု အသီးသီးရှိကြသော်လည်း သွေးရင်းသားရင်းများကဲ့သို့ တစ်ဦးနှင်တစ်ဦး အပြန်အလှန် နားလည်ယုံကြည်ရင်း အတူယှဉ်တွဲ နေ ထိုင်နိုင်ခြင်းမှာ မျိုးချစ်စိတ်ကို အခြေခံသည့် ပြည် ထောင်စုစိတ် ဓာတ်ကြောင့်ပင်ဖြစ်ပါ ကြောင်းနှင့် ဆောင်းပါးတွင်ပါရှိသည့် အ ကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

   ဆက်လက်ပြီး စာပေမြတ်နိုးသူ ဦးဖိုး သာထူး၊ မတင်​ေမကျော်၊ မဆောင်းလဲ့လဲ့ဦး၊မဝိုင်းစုကျော်၊မခင်ခင်စော၊မအေးခင်တို့ က  တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးမှသည်ပြည်ထောင်စုကြီးတည် တံ့ရေးဆီသို့ ဆောင်းပါးမှ ပထမ မြန်မာ နိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တ တိယမြန်မာ နိုင်ငံတော်အားတိုင်းရင်း သား တို့၏ စည်းလုံးညီညွတ်မှုစွမ်းအား ဖြင့် တည်ဆောက်နိုင်ခဲ့ကြပြီး ပြည်ပကျူးကျော်မှုမှန်သမျှကိုလည်း တွန်းလှန်နိုင်ခဲ့ကြကြောင်း၊ ပြည်နယ် ပြည်မ မခွဲ ခြားဘဲ သာတူညီမျှတစ်စည်းတစ်လုံးတည်းနေထိုင်ကြမည်ဟူသော သန္နိဠာန်ဖြင့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ပင်လုံညီလာခံနှင့် ပင်လုံစိတ်ဓာတ်တို့ကို အခြေခံကာ တိုင်းရင်း သားပြည်သူအားလုံး စည်းလုံးညီညွတ်စွ ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်ပေကြောင်း ဆောင်းပါးတွင်ပါရှိသည့်အ ကြောင်းအရာများအား ဖတ်ကြားဆွေး နွေး‌ခဲ့ကြပြီး သိရှိလို သည့်အကြောင်းအ ရာများကို မေးမြန်းကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက ဖြေကြားဆွေးနွေး‌ခဲ့သည်။ 

      အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေမြတ်နိုးသူ  လူငယ်များအား အသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်း၊ ဟော ပြောပွဲများ၊ ပြပွဲပြခန်းများ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးလျှက်ရှိသည်။

  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)