ပဲခူး မတ် ၂၆
ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှမျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ငွေစာရင်းထိန်းသိမ်းနည်းပညာကို နားလည်တတ်ကျွမ်းလာကာ အသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အသုံးပြုတတ်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားပြီး တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးဒေါ်တင်တင်ငြိမ်းက သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းတွင် ငွေစာရင်းထိန်းသိမ်းနည်း၊ စာရင်းစစ်ကန့်ကွက်ချက်မရှိရေး ဆောင်ရွက်ရမည့်အချက်များ၊ လစာနှင့် အသုံးစရိတ်တောင်းခံလွှာများပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့်စည်းကမ်းများ၊ ဌစစာရင်းရေးသွင်းနည်း၊ ချက်အမျိုးအစားများနှင့်အသုံးပြုနည်း၊ ခွင့်လစာတွက်ချက်နည်း၊ လယ်ဂျာမှတ်တမ်းရေးသွင်းခြင်းများအား ပဲခူးခရိုင်စာရင်းစစ်ရုံး ဒုတိယညွှန်ကြားရေးမှူးဒေါ်စန်းရင်မြိုင်နှင့် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းတို့က စာတွေ့လက်တွေ့သင်ကြားပို့ချသွားမှာဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမှာဖြစ်ပြီး ပဲခူးခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ အရာထမ်း၊ အမှုထမ်း(၁၇)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment