မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် Gender/ CEDAW/ NSPAW ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် Gender/ CEDAW/ NSPAW ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်




မကွေး မတ် ၁၄

မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များနှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား  Gender/ CEDAW/ NSPAW ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအသိပေးဆွေးနွေးတင်ပြမည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(မူကြမ်း)ဟာ အမျိုးသမီးကဏ္ဍ(၁၂)ခုဖြစ်အတွက် လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများက ရေးဆွဲဆောင်ရွက်ထားတာကို သိရှိရပါကြောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များအနေနဲ့ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ့်ရှေ့လုပ်ငန်းအစီအစဉ်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုပြီး လက်တွေ့နယ်ပယ်မှာလည်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက Gender/ CEDAW/ NSPAW ဆိုင်ရာများနှင့်ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကော်မတီဝင်များက Gender/ CEDAW/ NSPAW ပတ်သက်၍ မိမိတို့ သက်ဆိုင်ရာအလိုက် ဆောင်ရွက်ထာရှိမှုအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)