ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်တန်း ဒွါဒသမတန်း၊Grade 12 စာမေးပွဲကို (အထက)ပေါင် စာစစ်ဌာန၌ ကျောင်းသား၊ကျောင်းသူ( ၄၅၀)ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်တန်း ဒွါဒသမတန်း၊Grade 12 စာမေးပွဲကို (အထက)ပေါင် စာစစ်ဌာန၌ ကျောင်းသား၊ကျောင်းသူ( ၄၅၀)ဦး ဝင်ရောက်ဖြေဆိုမည်

  




MNP ၊ ပေါင်       မတ်       ၁၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်တန်း ဒွါဒသမတန်း၊Grade 12 စာမေးပွဲကို မတ်လ(၁၁ ရက်နေ့မှ ၁၉)ရက်နေ့ အထိကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ကျောင်းသူ( ၄၅၀)ဦး တို့ ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်တန်း ဒွါဒသမတန်း၊Grade 12 စာမေးပွဲကို ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ( ၁၈ )ကျောင်း မှ ကျောင်းသား၊ကျောင်းသူ ( ၄၅၀ ) ဦးစာမေးပွဲဖြေဆိုရန် စာရင်းတင်သွင်းထားရှိရာ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများပူးပေါင်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သောစာစစ်ဌာန လုံခြုံရေး၊ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အခြားလုံခြုံရေး လုပ်ငန်းများ၊စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)