သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် Job Fair – 2024 ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် Job Fair – 2024 ကျင်းပ



စစ်ကိုင်း မတ် ၂၉

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ Job Fair အလုပ်အကိုင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး   သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီ က ဘွဲ့ရကျောင်းသား/ ကျောင်း သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်၊ မိမိတို့ရရှိမည့်ဘွဲ့နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်နိုင်ရန်၊ လုပ်ငန်းခွင်မဝင်ခင် သိသင့်သိထိုက်သော အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း)တွင် မေဂျာ(၅)ခုရှိပြီး ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်မှစ၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အထိ မေဂျာပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူ (၁၁၀၀)ဦးတို့သည် အလုပ်အကိုင်ရရှိထားသူများဖြစ်ပြီး (၈၃၉)ဦးတို့သည် (Small Business) လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်သူများဖြစ် ကြောင်း၊ ယခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင် (၁၀)ခုမှ ပူးပေါင်းပါဝင်လျှက်ရှိကြောင်း ပြေကြားခဲ့ပြီး ဦးသူရိန်ငြိမ်း က “ AI နှင့် အလုပ်အကိုင်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးခဲ့ကာ လုပ်ငန်းရှင် များက လုပ်ငန်းခွင်အတွင်း သိမှတ်စရာများကို အသီးသီး ဆွေးနွေးပေးခဲ့ကြသည်။

ဆက်လက်၍ Job Fair – 2024 အခမ်းအနားတွင် ပါဝင်ကူညီ လှူဒါန်းခဲ့ကြသည့် အလှူရှင် များအား ပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ ကြောင်း သိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)