တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများတွင် KIA/PDF အကြမ်းဖက်သမား ၄၀၀ ထက်မနည်း သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများတွင် KIA/PDF အကြမ်းဖက်သမား ၄၀၀ ထက်မနည်း သေဆုံး



နေပြည်တော်၊ မတ် ၁၁

ကချင်ပြည်နယ် နယ်မြေအတွင်း မိမိအမာခံများနှင့် တပ်ထောက်ခံသူများ၏ သတင်းပေးပိုချက်များအရ KIA နှင့် PDF အကြမ်းဖက်သမားများ၏  သေဆုံး/ဒဏ်ရာရရှိမှုအခြေအနေကို တိုက်ပွဲစုံသတင်းများတွင် အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

(မံစီမြို့နယ်)

၄-၃-၂၀၂၄ ရက်နေ့တွင် စင်းခန်းတံတားအနီး မိုင်းလာထောင်သည့် အကြမ်းဖက် KIA/PDF ၃ ဦးအား အမာခံ CDM သတင်းပေးများ၏ ပေးပိုချက်အရ လက်ဦးမှုရယူကာ အလစ်ငိုက်တိုက်ခိုက်နိုင်ခဲ့သဖြင့် KIA /PDF အကြမ်းဖက်သမား ၃ ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက် ၃ လက်နှင့် ခဲယမ်း/ဆက်စပ် ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

(ဖားကန့်မြို့နယ်)

မတ်လ ၂ ရက်နှင့် ၉ ရက်နေ့တွင် တာမခန်ကျေးရွာအနီး KIA/PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမာခံများ၏ ကြိုတင်သတင်းပေးပိုချက်များအရ လက်ဦးမှုရယူနိုင်ခဲ့ကာ KIA/PDFအကြမ်းဖက်သမား ၄၀ လောင်း၊ လက်နက် ၉ လက်နှင့် ခဲယမ်း/ဆက်စပ်ပစ္စည်းများသိမ်းရှိရရှိခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(မဘိမ်းမြို့နယ်)

မတ်လ ၆ ရက်နေ့တွင်  ငအိုးကျေးရွာအနီး မိုင်းလာမည်ဟု ဒေသခံများရဲ့ သတင်းပေးမှုကြောင့် ကြိုတင်စောင့်ဆိုင်းနေစဉ်  မိုင်းထောင်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်သမား ၃ ဦးအား အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပြီး မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

(မိုးမောက်မြို့နယ်)

မတ်လ ၇ ရက်နေ့တွင် သံခမောက်တောင်စခန်း KIA/PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ်တွင် KIA/PDF အကြမ်းဖက်သမား ၂၅ ဦးခန့်သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လ ၈ ရက်နေ့ပွိင့် ၉၃၆ စခန်းအနီး KIA/PDF အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်စဉ်တွင်လည်း KIA/PDF အကြမ်းဖက်သမား၂၀ ဦးခန့် သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း CDM အမာခံ သတင်းပေးများထံမှသိရသည်။

(ဝိုင်းမော်မြို့နယ်)

မတ်လ ၇ ရက်နေ့ လဂျားယန်စခန်းနှင့် မလိယန်စခန်း၊ ပွိင့် ၁၁၁၆ စခန်းအနီး  KIA/PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ်တွင် KIA/PDF အကြမ်းဖက်သမား ၆၅ ဦးခန့်သေဆုံးပြီး ၇၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လ ၈ ရက်နေ့ ပွိင့် ၆၁၁ စခန်းအနီး၊ ပွိင့် ၂၅၉ စခန်းအနီး၊  ပွိင့် ၇၇၁ စခန်းအနီးနှင့် ဝိုင်းမော်မြိုနယ်အတွင်း နယ်မြေရှင်းလင်းမှုများဆောင်ရွက်ချိန် တိုက်ပွဲဖြစ်စဉ်များတွင် KIA/PDF အကြမ်းဖက်သမားများ ၆၅ ဦးခန့်သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မတ်လ ၉ ရက်နေ့ ၇၇၁ စခန်းအနီးနှင့် စင်ကြိုင်ငှက်ပျော်ခြံအနီးတိုက်ပွဲဖြစ်စဉ်တွင်လည်း KIA/PDF အကြမ်းဖက်သမား ၇၀ ဦးခန့်သေဆုံးပြီး ၃၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း အမာခံသတင်းပေးပိုမှုများအရ သိရသည်။

(ဒေါ့ဖုန်းယန်မြို့နယ်)

မတ်လ ၇ ရက်တွင် ဒေါ့ဖုန်းယန်မြို့နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ လာရောက်တိုက်ခိုက်သည့် တိုက်ပွဲဖြစ်စဉ်နှင့် ပွိင့် ၁၀၁၂ စခန်းအနီး တိုက်ပွဲဖြစ်စဉ်များတွင် KIA/ PDF အကြမ်းဖက်သမား ၆၅ ဦးခန့်သေဆုံးခဲ့ပြီး ၄၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းပေးပို့သူများထံမှ သိရသည်။

(မြို့သစ်မြို့နယ်)

မတ်လ ၈ ရက်နေ့တွင် မြို့သစ်မြို့နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ လာရောက်တိုက်ခိုက်သည့် KIA/PDF အကြမ်းဖက်သမား၃၀ ဦးခန့် သေဆုံးကာ ၃၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိခဲ့ရပြီး ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

(ပူတာအိုမြို့နယ်)

မတ်လ ၉ ရက်နေ့ ခေါင်လန်ဖူးဒေသတွင် KIA/PDF အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်စဉ်တွင် ၎င်းတိုဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်းသိရှိရပြီး လက်နက်ငယ် ၁ လက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

(ရွှေညောင်ပင်)

မတ်လ ၉ ရက်နေ့ အောင်မြေ ၁ ကျေးရွာအနီး KIA/PDF အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်နှင့် လီဆူးပြည်သူ့စစ်များ၏ တိုက်ခိုက်ချေမှုန်းမှုကြောင့် အကြမ်းဖက် KIA/PDF များ ၃၅ ဦးခန့်သေဆုံးပြီး ၈၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အမာခံသတင်းပေးများနှင့် ဒေသခံသတင်းပေးများ၏ သတင်းပေးပို့မှုများ အပေါ်မူတည်၍ စာရင်းပြုစုထားရှိရာ KIA/PDF အကြမ်းဖက်သမား ၄၀၀ ကျော် သေဆုံးပြီး ၃၈၀ ဦးခန့်ဒဏ်ရာရှိကြောင်း သိရှိခဲ့ရသော်လည်း အခြေအနေအမျိုးမျိုးကြောင့် သတင်းမပေးပို့နိုင်သည့် အမာခံများ၏ ကျန်ရှိသတင်းများအရ  KIA/PDF အကြမ်းဖက်သမားများ ယခုထက်ပိုပြီး သေဆုံး/ဒဏ်ရာရရှိနိုင်ကြောင်း သုံးသပ်ဖော်ပြထားသည်။ 

လူအင်အားနည်း၍ ပင်မတပ်နဲ့ ပူးပေါင်းရန် ဆုတ်ခွာပေးလိုက်ရသော တပ်မတော်စခန်းငယ်အချို့ ရရှိသည်မှအပ ကျန်စခန်းသိမ်းတိုက်ပွဲများတွင် KIA သောင်းကျန်းသူများအနေဖြင့် အကြိမ်ကြိမ်လန်ကျ၍ တိုက်ခိုက်ရေးအင်အား ၇၀ % ကျော် ပြုန်းတီးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးကြရသည်။ ထွက်ပြေးသော်လည်း လေယာဉ်၊ Drone များ၏ လိုက်လံတိုက်ခိုက်မှုကြောင့် ၎င်းတို့၏ စခန်းသို့ အသက်ရှင်လျက် ပြန်ရောက်သူ အလွန်နည်းပါးလှပါကြောင်း သုံးသပ်ဖော်ပြထားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)