ဆီဆိုင်မြို့အတွင်း ရောက်ရှိနေသော KNDF/PNLA အကြမ်းဖက်သမားများကို ရှင်းလင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့အတွင်း ရောက်ရှိနေသော KNDF/PNLA အကြမ်းဖက်သမားများကို ရှင်းလင်းဆောင်ရွက်




ဆီဆိုင်၊ မတ် ၂၃

ဆီဆိုင်မြို၊ မြကန်သာရပ်ကွက်၊ ဇာဝါနာရာမကျောင်းတိုက်အနီးရှိ ၅ ထပ်တိုက်တွင် KNDF/PNLA အကြမ်းဖက် အင်အား ၂၀ ဦးခန့် ရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးပိုမှုအရ မတ်လ ၂၁ ရက်(ယနေ့)မနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှုအတွင်း KNDF/PNLA အလောင်း ၂ လောင်း၊ စနိုက်ပါ ၁ လက်၊ M-16 သေနတ် ၁ လက်၊ G-4 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်သိရသည်။

ကယားပြည်နယ်အတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်နေသော KNDF, PDF အကြမ်းဖက်အဖွဲ့များထံ PNLA အဖွဲ့က လက်နက်များ ပို့ဆောင်ပေးနေပြီး ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လာသည့်နောက် PNLA သောင်းကျန်းသူအဖွဲ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း KNDF, PDF အကြမ်းဖက်အဖွဲ့များကို ခေါ်ယူပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လုပ်ဆောင်ခဲ့သည်။

KNDF အကြမ်းဖက်အဖွဲ့သည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းနိမ်ကျေးရွာ မှ ကျောင်းထိုင်ဆရာတော်နှင့် ရွာသား ၂၂ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ဖူးသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)