ဘာသာရေးစော်ကားမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသော MNDAA အကြမ်းဖက်အဖွဲ့၏ အောက်တန်းကျသော လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘာသာရေးစော်ကားမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသော MNDAA အကြမ်းဖက်အဖွဲ့၏ အောက်တန်းကျသော လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်




 

ဘာသာရေးစော်ကားမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသော

MNDAA အကြမ်းဖက်အဖွဲ့၏ အောက်တန်းကျသော လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း

ထုတ်ပြန်ကြေညာချက်


ရက်စွဲ ။  ။ ၂၀၂၄ခုနှစ်၊ မတ်လ (၃၀)

ရှမ်းပြည်(မြောက်ပိုင်း)တွင် MNDAA, TNLA, AA အကြမ်းဖက် သောင်းကျန်းသူများက (၁၀၂၇) စစ်ဆင် ရေး ဟု ကြေညာပြီး ဒေသခံပြည်သူများ အတိဒုက္ခရောက်စေမည့် အကြမ်းဖက်လုပ်ရပ်များကို စဉ်ဆက်မ ပြတ် ကျူးလွန်ခဲ့ကြပြီး လမ်းတံတားများကို ဖျက်ဆီးခြင်း၊ လူမျိုးရေးပဋိပက္ခများ ဖန်တီးခြင်း အပါအဝင် ဘာသာရေး စော်ကားမှုများကိုပါ စဉ်ဆက်မပြတ် လုပ်ဆောင်လာခဲ့ကြသည်။

MNDAA အကြမ်းဖက်အဖွဲ့ဝင်များက လောက်ကိုင်မြို့၊ ဆင်ဦးကင်းတောင်ထိပ်ရှိ ရွှေတိဂုံပုံတူ စေတီတော် ကို ဖြိုချ ဖျက်ဆီးခြင်းအပါအဝင် ဗုဒ္ဓရုပ်ပွားတော်များကို ထုခွဲဖျက်ဆီးသည့် ရုပ်သံများကို ထုတ်လွှင့်ပြီး ဗုဒ္ဓ ဘာသာဝင် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးကို ရည်ရွယ်ချက်ရှိရှိ စော်ကားခဲ့သည့်အပေါ် ရဟန်းရှင်လူပြည် သူများက MNDAA အကြမ်းဖက်အဖွဲ့၏ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်နှင့် ပတ်သက်၍ ပြတ်သားစွာ ဆန့် ကျင်ကန့်ကွက်ခဲ့ကြပြီး အမြစ်ပြတ်ခြေမှုန်းပေးရန် တောင်းဆိုခဲ့ကြသည်။

ယနေ့ (၃၀-၃-၂၀၂၄) ရက်နေ့ ထွက်ပေါ်လာသော ဓာတ်ပုံများတွင် လောက်ကိုင်မြို့၊ လေးမျက်နှာဘုရား၊ ဗုဒ္ဓရုပ်ပွားတော်ပေါ်ကို MNDAA အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးက ဖိနပ်ဖြင့်တပ်၍ မဖွယ်မရာ ပြုလုပ်နေသည် ကို ရွံရှာစက်စုပ်ဖွယ် တွေ့မြင်ရပါသည်။

MNDAA အကြမ်းဖက်အဖွဲ့သည် ဘာသာရေးစော်ကားမှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ပြီး လူစိတ်မရှိ (အသိတရားမရှိ)သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ထင်ရှားနေပါသည်။ ထိုသို့ သော အကြမ်းဖက်အဖွဲ့ကို တိကျပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ရပေလိမ့်မည်။ ဘာသာရေးစော်ကားမှု များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် MNDAA အကြမ်းဖက်အဖွဲ့၏ အောက်တန်းကျ ယုတ်မာ ရိုင်းစိုင်းသော ဘာသာရေးစော်ကားမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နေသော အစိုးရအနေဖြင့်လည်း ရဟန်းရှင်လူပြည်သူများက တောင်းဆိုထားသည့် မြောက်ပိုင်းမဟာမိတ်အမည်ခံ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့များကို အမြစ်ပြတ် ခြေမှုန်းပေးနိုင်ပါရန် ထပ်လောင်းတောင်းဆိုလိုက်သည်။


Myanmar National Post

 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)