ဆားလင်းကြီးတွင် NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးထားမှုအပေါ် ဆန္ဒပြ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဆားလင်းကြီးတွင် NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးထားမှုအပေါ် ဆန္ဒပြ

012

013

014

015


ဆားလင်းကြီး၊ မတ်လ ၉ 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် လူ ၄၀ ကျော်ကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများက ဖမ်းဆီးထားမှုအပေါ် ယမန်နေ့က ကျေးရွာ ၅ရွာမှ ပြည်သူများက ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြခဲ့ကြသည့်  ပြည်သူတချို့ကို NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့က ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်၊ ဆားတုံးကျေးရွာအုပ်စု၊ စက်မှု ၁ ဝင်းအတွင်း မှ သံတိုသံစများ ဝင်ရောက်ယူဆောင်သဖြင့် ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ ကျော်နှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့ရုံးသို့ ရွာသားများက သွားရောက်မေး မြန်းရာဖြေရှင်းချက် မပေးသည့်အပြင် အကြမ်းဖက်သမားများက ရိုက်နှက်စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ ဖမ်းဆီးထားသည့်အထဲတွင် ၆လသားအရွယ် ကလေးမိခင်လည်း ပါဝင်ကြောင်း၊ ဒေသခံများမှာ NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် အလုပ်အကိုင် အခက်အခဲများ ရှိနေပြီး စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများကို ပကဖ၊ ပလဖ၊ ပအဖ အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့စိုးမိုးသည့် နယ်မြေများတွင် အကြမ်းဖက်သမားများက တရားဝင်အဖွဲ့အစည်းများသဖွယ် ဒေသခံပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျ စော်ကားမှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Pages