အရာတော်မြို့နယ် နောင်ကြီးအိုင်ကျေးရွာ PDF ဂိတ်က နေ့စဉ် သိန်း ၅၀ ခန့် ဝင်ငွေရနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ် နောင်ကြီးအိုင်ကျေးရွာ PDF ဂိတ်က နေ့စဉ် သိန်း ၅၀ ခန့် ဝင်ငွေရနေ



အရာတော်၊ မတ် ၇

အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့များက ဂိတ်ဖွင့်၍ ခရီးသွားပြည်သူများထံမှ ဆက်ကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိရာ နေ့စဉ် သိန်း ၅၀ အထက် ရရှိနေကြောင်း PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

အဆိုပါ PDF အဖွဲ့ဝင်က ဆက်သွယ်ပြောဆိုရာတွင် "ကျွန်တော်တို့က ဂိတ်မှာ စောင့်ပြီး တာဝန်ထမ်းဆောင်ပေးရတယ်ဗျာ။ နေ့စဉ် သိန်း ၅၀ အကျော်မှာပဲရှိတယ်။ နောင်ကြီးအိုင်ရွာ တောင်ဘက်ရော၊ မြောက်ဘက်ရော ရဲဂိတ်၊ တပ်ဂိတ်မရှိဘူး။ ကျွန်တော်တို့ PDF ဂိတ်ပဲ ရှိတယ်။ မြောက်ဘက်ဂိတ်က ပိုက်ဆံပိုရတယ်။ နေ့စဉ် နေ့တိုင်းဗျာ သိန်း ၅၀ ကျော် ရနေတာတောင် တာဝန်ထမ်းဆောင်နေကြတဲ့ PDF အဖွဲ့ဝင်တွေကို အသားဟင်း၊ ငါးဟင်း ချက်မကျွေးဘူး။ ရသမျှပိုက်ဆံ ဦးဆောင်တဲ့သူတွေက လာယူသွားတာ။ PDF တွေမှာ တခါလာလဲ ငါးပိနဲ့ ချည်ပေါင်ဆိုတော့ ပေါက်ကွဲလာကြပြီ။" ဟု ပြောသည်။

PDF အဖွဲ့အတွင်း တာဝန်ထမ်းဆောင်နေရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ "ခင်ဗျားတို့ကမှ မသိဘဲ။ ကျွန်တော်တို့က ပဒက်ထဲမဝင်ရင် ဒလန်ဆိုပြီး အသတ်ခံရမှာ။ ပဒက် အနေနဲ့ အဖမ်းခံရလည်း အသတ်မခံရဘူး။ ပဒက်တွေ ခဏခဏ အဖမ်းခံရတယ်။ စကစ က လူတွေကို ပိုက်ဆံပေးလိုက်ရင် ပြန်လွတ်တာပဲ။ သိန်း ၅၀၊ သိန်း ၁၀၀ ရှာဖို့မှ မခက်တာဗျာ။ ပြန်လွတ်လာပြီဆိုရင်တော့ ဖမ်းဆီးဖို့ သတင်းပေးတဲ့ကောင် သေပြီသာမှတ်။ အဲဒီတော့ ကျွန်တော်တို့က အရာတော်နယ်မှာတော့ ပဒက်ထဲ နေမှ လုံခြုံတယ်။ မြို့ပေါ်မှာရှိတဲ့ မစဖအဖွဲ့ဝင်တွေကို ခင်ဗျား နောင်ကြီးအိုင်ကို သွားရဲလားလို့ မေးကြည့်စမ်းပါ။ ကျုပ်တို့က ဟောဒီကနေ လှမ်းပြီး စိန်ခေါ်နေတာ။ ဘယ်ကောင်မှ မလာရဲဘူး။ သူတို့ဖမ်းလို့ မိသွားလည်း ခဏပဲ။ ငွေယူပြီး ပြန်လွှတ်ပေးတာပဲ။" ဟု ပြောသည်။

အရာတော်မြို့နယ်တွင် ပြည်ဖျက်ပါတီ NLD မှ လွှတ်တော်အမတ် ဝဏ္ဏ၊ ခင်မောင်လွင်နှင့် ဘိတ်သိတ်ဆရာ သော်က ဆိုသူတို့က PDF အဖွဲ့များကို ဦးဆောင်၍ ၎င်းတို့ကို ထောက်ခံအားပေးခြင်း မရှိသော ဒေသခံများ ဖမ်းဆီးသတ်ဖြတ်မှုများ ရက်စက်စွာ ပြုလုပ်ခဲ့ကြသော်လည်း အရာတော်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူများက ကူညီစောင့်ရှောက် ကယ်တင်ခြင်းမရှိသည့်အတွက် များစွာသော အပြစ်မဲ့ ပြည်သူများ သေဆုံးခဲ့ရပြီး အချို့မှာ မြို့နယ်အတွင်းမှ အခြားအရပ်ဒေသသို့ ပြောင်းရွှေ့တိမ်းရှောင်ခဲ့ကြရသည်။ 


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)