အရာတော်တွင် ဖမ်းဆီးထားသော PDF အကြမ်းဖက်သမားများကို ပြန်လွှတ်လိုက်ရာမှ အပြစ်မဲ့ ပြည်သူများ ဒလန်စွပ်စွဲပြီး သတ်ဖြတ်ခံနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်တွင် ဖမ်းဆီးထားသော PDF အကြမ်းဖက်သမားများကို ပြန်လွှတ်လိုက်ရာမှ အပြစ်မဲ့ ပြည်သူများ ဒလန်စွပ်စွဲပြီး သတ်ဖြတ်ခံနေရ



အရာတော်၊ မတ် ၈

အရာတော်မြို့နယ်တွင် တပ်က ဖမ်းဆီးထားသော ပဒက် (၅)ယောက်ကို ပြန်လွှတ်ပေးခဲ့ရာမှ ရွာသားအချင်းချင်း သတင်းပေးပြီးဖမ်းခိုင်းသူ ဒလန်ပါဟု စွပ်စွဲကာ ပဒက်များက ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဒေသခံပြည်သူတစ်ဦးက "အရာတော်မြို့နယ်၊ ဘောင်းကျရွာက PDF တွေကို တပ်က ဖမ်းထားတာ ရှိတယ်။ ဖမ်းထားတဲ့ကောင်တွေကို အခုပြန်လွှတ်လိုက်တာ တစ်လမပြည့်သေးဘူး။ ကိုယ့်ရွာသားအချင်းချင်းကို ဒလန်စွပ်စွဲပြီး သတ်ကုန်ကြပြီ။ မင်းဂံရွာက အောင်မင်း၊ အောင်မင်းရဲ့သား၊ ဘောင်းကျရွာက ကြယ်စင်လင်းတဲ့ အရာတော်မှာ ဓာတ်ပုံဆိုင်ဖွင့်ထားတယ်။ နောက်ထပ် ဒယ်အိုးနဲ့ သူ့သားမက်။ အဲဒီကောင် ၅ကောင်ကို တပ်က ဖမ်းထားတာ။ ဒီကောင်တွေက သူတို့ အဖမ်းခံရတာ ပြည်မောင်း က သတင်းပေးလို့ အဖမ်းခံရတာပါဆိုပြီး အခု သူတို့ လွတ်လာတော့ ပြည်မောင်း ကို ဖမ်းခေါ်သွားကြပြီ။ ဘာသတင်းအစအနမှ မကြားရတော့ဘူး။ နောက်ထပ် ဒလန်ခေါင်းစဉ်တပ်ပြီး ဖမ်းမယ့်သူတွေလည်း ရှိသေးတယ်။ ပဒက်က လုပ်နေတာ။ ဒီကောင်တွေကို စစ်ဆေးပေါ်ပေါက်ချက် ဘာမှ မရှိဘူးဆိုပြီး လွှတ်တာ။ အမှန်တော့ ငွေယူပြီး လွှတ်တာပါ။ လွှတ်တာ ရိုးရိုးမလွှတ်ဘဲနဲ့ ဘယ်သူက သတင်းပေးလို့ ဖမ်းပါတယ်ဆိုပြီး ပြောလိုက်တဲ့ သဘောပေါ့ဗျာ။ ပဒက်တွေက လွတ်လာတော့ အဲဒီလူတွေကို ပစ်မှတ်ထားပြီး သတ်ဖို့ လုပ်နေပြီ။ တစ်ယောက်ကတော့ ပါသွားပြီပေါ့။ ဒီကောင်တွေကို PDF မဟုတ်လို့ ပြန်လွှတ်ပေးတယ်ဆိုရင် တခြားသူကို ဒလန်စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်စရာ အကြောင်း မရှိဘူးလေ။ အခုလွတ်လာတာနဲ့ ဒလန်ရှာပြီး သတ်ကြတော့တာပဲ။ ဒါက PDF အကြမ်းဖက်သမားရဲ့ အပြစ်တစ်ခုတည်း မဟုတ်တော့ဘူးလေဗျာ။ ဒီမြို့နယ်က တာဝန်ရှိသူတွေကိုယ်တိုင်က PDF ကို ဘယ်သူ သတင်းပေးလို့ ဖမ်းရတာပါဆိုပြီး ပြောလိုက်တာ။ အဓိက တရားခံတွေက အာဏာပိုင်တွေပဲ" ဟု ပြောသည်။

အရာတော်မြို့နယ်တွင် PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံနေရသူများမှာ တာဝန်သိပြည်သူများက ပဒက်များနှင့် ပတ်သက်၍ သတင်းပေးပြီး ဖမ်းဆီးကာ ဘယ်သူသတင်းပေး၍ ဖမ်းရပါသည်ဟု ပြောဆိုပြီး PDF အကြမ်းဖက်သမားများကို ပြန်လွှတ်ပေးရာမှ PDF အကြမ်းဖက်သမားများက ၎င်းတို့ဖမ်းဆီးခံရအောင် သတင်းပေးသူများကို ဒလန်အဖြစ် ပြန်လည်ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ PDF များကို ဖမ်းဆီးစစ်ဆေးစဉ်တွင် ဘာမှ ဝန်ခံထွက်ဆိုခြင်းမပေးရန် အကြံပေးလုပ်နေသူမှာလည်း မစဖအဖွဲ့အတွင်းတွင် ရှိနေကြောင်း၊ ထိုသူ၏ လမ်းညွှန်ချက်အတိုင်း PDF အကြမ်းဖက်သမားများက ဝန်ခံထွက်ဆိုခြင်း မရှိသည့်အခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လွှတ်ပေးရပြီး သတင်းပေးတိုင်ကြားသူများမှာ PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း၊ အရာတော်မြို့နယ်အတွင်း တာဝန်ရိသူများကိုယ်တိုင်က အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားဆောင်ရွက်ခြင်း မရှိဘဲ အကြမ်းဖက်သမားများထံမှ လာဘ်လာဘကို မျှော်ကိုး၍ အပြစ်မဲ့ ပြည်သူများကို သေကြောင်းကြံနေသည်မှာ အင်မတန် ယုတ်မာအောက်တန်းကျသော လုပ်ရပ်များဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နေဖြင့်လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲများအနေဖြင့် အရာတော်မြို့နယ်အတွင်း တာဝန်ပေးအပ်ထားသူများကို စုံစမ်းစစ်ဆေး၍ အပြစ်မဲ့ ပြည်သူများအား သေကြောင်းကြံစည်နေသည့်အပေါ် စိစစ်အရေးယူဆောင်ရွက်ပေးစေလိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို လိုလားသူများမှာ အတိဒုက္ခမျိုးစုံဖြင့် အသတ်ခံရ၊ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ PDF အကြမ်းဖက်သမားများတသားတည်းဖြစ်နေပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများမှာ ဒလန်စွပ်စွဲ ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အတိဒုက္ခရောက်နေရသည့်အပေါ် နိုင်ငံတော် အကြီးအကဲများအနေဖြင့် အရာတော်မြို့နယ် အာဏာပိုင်များ၏ လုပ်ရပ်ကို တိတိကျကျ လေ့လာစုံစမ်း စစ်ဆေးဆောင်ရွက်ပေးစေလိုကြောင်း ဆက်သွယ်ပြောဆိုသည်။

အရာတော်မြို့နယ်အတွင်းမှ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများက အရာတော်မြို့နယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို မြန်မာနေရှင်နယ်ပို့စ်သို့ မကြာခဏ ဆက်သွယ်ပြောဆိုကြသဖြင့် တာဝန်ရှိသူများ သိရှိနိုင်ရန် အချိန်နှင့် တပြေးညီ ဖော်ပြပေးခဲ့သော်လည်း နိုင်ငံတော်တာဝန်ရှိသူများအနေဖြင့် အရာတော်မြို့နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေအနေအပေါ်  ဥပဒေဘောင်အတွင်း နေထိုင်သော ပြည်သူများ အကြမ်းဖက်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထား၍ ဆောင်ရွက်ပေးခြင်းမျိုး ယနေ့တိုင်အောင် မရှိသေးပေ။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)