ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev တို့ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev တို့ တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ မတ် ၂၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မတ် ၂၆ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOMEXPO 2024) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) ၏ ခန်းမ ၆ ၌ ပြုလုပ်သော မျက်နှာစုံညီအစည်းအဝေး (Plenary Session) တွင် "SMR Opportunities and Challen-ges" ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများသို့ တက်ရောက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တာဝန်ရှိသူများနှင့်အတူ Rosa-tom ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော လေအား၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် မျက်နှာစုံညီအစည်းအဝေး (Plenary Session) "Nuclear Infrastructure: nuclear project drivers" သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)