ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖွဲ့စည်းခြင်းနှင့် U 18 နှင့် U 25 (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲများကျင်းပနိုင်ရေး ကြိုတင်တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖွဲ့စည်းခြင်းနှင့် U 18 နှင့် U 25 (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲများကျင်းပနိုင်ရေး ကြိုတင်တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

 



ပြည် မတ် ၁၁

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ၌ မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖွဲ့စည်းခြင်းနှင့် U 18 နှင့် U 25 (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကျင်းပနိုင်ရေး ကြိုတင်တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်မြို့မင်္ဂလာရွှေပြည် ခရိုင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)မှ ခရိုင်/မြို့နယ်အားကစားမှူးများနှင့် ဘော်လီဘောအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားပြီး အဆိုပါအသင်းအတွင်းရေးမှူးဦးဇော်လွင်ဦးက အသင်ကြီး၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် တာဝန်ဝတ္တရားများရှင်လင်း​ပြောကြားကာ အထောက်အကူပြုအဖွဲ့ဝင်များက ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်က ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရှိ မြို့နယ်များမှ​ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင် ၉ ဦးအား ရွေးချယ်ဖွဲ့စည်း၍ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၏ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်စုစုပေါင်း ၉ ဦးအမည်စာရင်းကို ကြေငြာပေးသည်။

ထို့​နောက် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) မြန်မာဘော်လီဘောအသင်းအမှုဆောင်အဖွဲ့မှ မြို့နယ်များအလိုက် U 18 နှင့် U 25 (အမျိုးးသား/အမျိုးသမီး) ဘော်လီဘောအသင်း ဖွဲ့စည်းမည့်အခြေအနေများနှင့် ပြိုင်ပွဲဝင်မည့်အခြေအနေများကို တင်ပြကြရာ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်က​ ပဲခူးတိုင်း​ဒေသကြီး (အနောက်ခြမ်း) ၌ ယခုလာမည့် ဧပြီလနောက်ဆုံးပတ်တွင် U 18 နှင့် U 25 (အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲများ ကျင်းပနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများ၏ သွားလာနေတိုင်စားသောက်ရေးအပါအဝင် အားကစားပစ္စည်များနှင့်ဝတ်စုံများ ထောက်ပံ့မှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) တွင် ဘော်လီဘောအားကစားကဏ္ဍမြှင့်တင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ U 18 နှင့် U 25 (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ပြည်ခရိုင် ရွှေတောင်မြို့၌ ကျင်းပနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာဘောလီဘောလူမှုရေးအသင်း တာဝန်ရှိသူများထံမှ သိရသည်။


ကိုဆက်၊ ကိုစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)