အမ်းမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများကို လေကြောင်းမှ ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများကို လေကြောင်းမှ ရှင်းလင်း



အမ်း၊ ဧပြီ ၁၁

ရခိုင်ပြည်နယ် အမ်းမြိုနယ်အတွင်းရှိ AA အကြမ်းဖက်အဖွဲ့၏ တည်နေရာအား ယမန်နေ့က လေကြောင်းဖြင့် ကြိုတင်ပစ် ခတ်ချေမှုန်းခဲ့ရာ AA သောင်းကျန်းသူများ အလောင်းများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားပြီး ရန်သူ့ ပင်မကုန်းနေရာအား ရောက်ရှိရှင်းလင်းစဉ် လက်နက်/ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှုအတွင်း လက်နက် ၅ လက်၊ ကျည်အိမ် ၅ ခု၊ ကျည်မျိုးစုံ ၁၃၀၆ တောင့်၊ စက်လက်ပြောင်းပို ၁ ခု၊ -ကျည်ခါးပတ် ၂ ခု၊ ကျည်ကာဦးထုပ် ၂ လုံး၊ ဒုံးသီး ၅ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ အမ်းမြို့ရှိ တပ်စခန်းများအား တိုက်ခိုက်ရန်   AA အကြမ်းဖက်အဖွဲနှင့် ပူးပေါင်းအဖွဲများ အခိုင်အမာခြေကုပ်ယူထားသည့် မြို့အနောက် မီတာ ၄၅၀၀ အကွာ ကျောက်နက်တောင် စခန်းကုန်းအား တပ်မတော်စစ်ကြောင်းများမှ တိုက်စစ်ဖွင့် သွားရောက်ရှင်းလင်းတိုက်ခိုက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်း ၂ နာရီခွဲအချိန်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ AA အကြမ်းဖက်အဖွဲ့ ဆုတ်ခွာထွက်ပြေးရာ လမ်းကြောင်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ထံမှ အလောင်း/ လက်နက်များ များစွာရရှိထားကြောင်း သိရသည်။

ထို့အပြင် မြေပုံမြို့နှင့် အမ်းမြို့ကြားရှိ တပ်စခန်းတစ်ခုအား AA အကြမ်းဖက်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းမှစ၍ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ညပိုင်း ၇ နာရီခန့်က မောင်တော - ဘူးသီးတောင် လမ်းကြောင်း လုံခြံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းမှ AA အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေသည့်နေရာအား သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက်အဖွဲ့များ ထိုနေရာမှ ထွက်ပြေးသွားကြောင်းနှင့် အဆိုပါနေရာများမှလွဲ၍ ရခိုင်ပြည်နယ်အတွင်း မည်သည့်နေရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)