ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများ က AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများ က AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်



ဘူးသီးတောင်၊ ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ  ဦးလှဖေကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာ၊ ကွန်တိုင်ရွာကြီးတိုတွင်နေထိုင်လျက်ရှိသည့် ဒေသတည်ငြိမ်ရေးနှင့်ငြိမ်းချမ်း ရေးကိုလိုလားသော ဘင်္ဂါလီလူမျိုး ကျား/မ စုစုပေါင်း အင်အား( ၂၀၀၀ ) ကျော်ခန့်က ဧပြီ ၁၄ ရက်နေ့ မနက်ပိုင်း ၉ နာရီခွဲခန့်မှ ၁၀ နာရီခွဲခန့်ချိန်ထိ ဘူးသီးတောင်မြို၊ အမှတ်(၁)ရပ်ကွက်၊ အထက(၁)ကျောင်းဝန်းအတွင်း စုဝေးခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများက “ AA အဖွဲ့မှ ကွန်တိုင်ရွာ၊ ရွက်ညိုတောင်ရွာနှင့် ဦးလှဖေကျေးရွာများအား အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်သတ်ဖြတ်ခြင်းအား လုံးဝဆန့်ကျင် ကန့်ကွက်ရှုချပါသည်”၊ “AA အလိုမရှိ” ၊  မွတ်ဆလင်များအား လူသားဒိုင်းပြုလုပ်မှု ချက်ခြင်းရပ်” ၊ “ AA မွတ်ဆ လင်ကျေးရွာများအား မီးရှိဖျက်ဆီးမှု ချက်ခြင်းရပ်”၊ “AA မွတ်ဆလင်များအား လူမျိုးတုန်းသတ်ဖြတ်မှု ချက်ခြင်းရပ် ”၊ “ကျေးရွာများထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ AA သောင်းကျန်း သူအလိုမရှိ”၊ “တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဖျက်စီးနေသည့် AA အလိုမရှိ”၊ “အကြမ်းဖက်တိုက်ခိုက်မှု အလိုမရှိ” စသည့် စာသားများပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်လျက် လှည့်လည် ကြွေးကြော်၍ ငြိမ်ချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပြီး မူလစုရပ်နေများသို့ ပြန်လည်ရောက်ရှိကာ အေးချမ်းစွာ လူစုကွဲသွားကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂ ရက် နေ့ နေ့လည် ၃ နာရီခွဲခန့်က ဘူးသီးတောင်မြိုနယ်အတွင်းရှိ ကွန်တိုင်ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာများအတွင်း ဗုံးသီး ၁၅ လုံးခန့် ကျရောက် ပေါက်ကွဲခဲ့ပြီး AA အကြမ်းဖက်အဖွဲ့ဝင် ၁၀၀ ခန့်ဟာ ကျေးရွာထဲသို့ လက်နက်ငယ် များရမ်းသမ်းပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်များကို မီးရှိဖျက်ဆီးခဲ့တာကြောင့် ဘင်္ဂါလီများဟာ ဘူးသီးတောင်မြို့ပေါ်သို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။ 


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)