မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းမျာအား ကျန်းမာရေးစောင့်ရှောက်နေမှုကို ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းမျာအား ကျန်းမာရေးစောင့်ရှောက်နေမှုကို ကြည့်ရှုအားပေး

 



မကွေး ဧပြီ ၂


၂ဝ၂၄ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မကွေးပညာရေးဒီဂရီကောလိပ်ရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် ဧပြီလ (၆) ရက်နေ့မှ စတင်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြမည့် စာသင်ကြားရေးလုပ်ငန်းများတွင် နည်းပြနှင့် ကြီးကြပ်တာဝန် ထမ်းဆောင်ကြမည့်သူများအား သင်ကြားနည်းစနစ်များကို နေပြည်တော်မှာ ဗဟိုအဆင့်နည်းပြသင်တန်းတက်ရောက်ခဲ့ကြသူများက ဆင့်ပွားပို့ချပေးမည့် နည်းပြဆရာဖြစ် သင်တန်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၃) ခုနှင့်၊ မြို့နယ် (၃) ခုရှိ စာသင်သား (၁၆၇၄) ဦးကို စာသင်ဝိုင်း (၁၁၉) ဝိုင်းဖွဲ့စည်းပြီး ဗဟိုအဆင့်နည်းပြ (၉) ဦး၊ နည်းပြ (၁၃၁)ဦး၊ ကြီးကြပ်(၃၁)ဦးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အသက်(၁၅)နှစ်နှင့်အထက်ရှိ စာမတတ်သူများအား အရေး၊ အဖတ်၊ အတွက်တို့ကို ဦးတည်သင်ကြားပေးရန်အပြင် စာမတတ်သူ စာသင်သားများရဲ့ မိသားစုများ၏ လူနေမှုဘဝ မြင့်မားရေး အစီအစဉ်များကို အသိပညာပေးခြင်း၊ ကျွမ်းကျင်မှုပေးခြင်းတို့ဖြင့် ပေါင်းစပ်လျက် စာတတ်မြောက်ရေး သင်ကြားခြင်းအစီအစဉ်များအား နှစ်အလိုက် ခရိုင်၊ မြို့နယ်များ တိုးချဲ့သင်ကြားပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပါကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် စာမတတ်သူ တစ်စုံတစ်ယောက်ရှိနေမည်ဆိုပါက ထိုသူစာတတ်မြောက်အောင် ကူညီခြင်းဖြင့် စာမတတ်သူပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် အခြေခံစာတတ်မြောက်ရေး ရိုက်ကူးပုံဖော်ထားသည့် “မနီ ပြုံးနိုင်ပြီ” video click ကို ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ၃၆ သိန်း သုံးသောင်းကျပ်အား  ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူသည်။


ထိုမှတဆင့် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတက္ကသိုလ်ဝင်းအတွင်းရှိ ဆေးရုံသို့ သွားရောက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  ကျန်းမာရေးစောင့်ရှောက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)