ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၇

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး သံရည်ကျိုမီးဖို၊ စွန့်ပစ်အပူသုံးဘွိုင်လာ၊ ရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင်အလုပ်ရုံ၊ ဓာတ်အားခွဲရုံ၊ သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ ကျောက်မီးသွေးများ သိုလှောင်ထားရှိမှု၊ စက်ရုံမှ ထွက်ရှိသော သံစိမ်းများအား အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ပို့ဆောင်နိုင်ရေးအတွက် မီးရထားလမ်းဖောက်လုပ်ထား ရှိမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ စက်ပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရန်၊ ဘွိုင်လာများအား စွမ်းအားပြည့် လည်ပတ်အသုံးပြု နိုင်ရေးအတွက် ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းမောင်းနှင်မှုသင်တန်းများ ဖွင့်လှစ်ပေးရန်၊ စက်ရုံအလိုက် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအခြေအနေတို့နှင့် ပတ်သက်၍ ကျေညက်အောင် လေ့လာထားရန်နှင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပေးရန်၊ စက်ပစ္စည်းကိရိယာများ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ ကျန်ရှိမှုမရှိစေရေးအတွက် Drawings များနှင့် တိုက်ဆိုင်စစ်ဆေး၍ စစ်ဆေးခြင်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်၊ စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ ဖြစ်စေရေးအတွက် အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ စက်ရုံခွဲများအလိုက် တပ်ဆင်ထားရှိသည့် စက်တစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို သိရှိအောင် ဆောင်ရွက်ထားရန်၊ စက်ရုံ၌ တပ်ဆင်ထားရှိသည့် စက်တစ်ခုချင်းစီ၏ ကိုင်တွယ်ထိန်းသိမ်းမောင်နှင်မှု လက်စွဲစာအုပ်၊ Manual စာအုပ်အား ဝန်ထမ်းအားလုံးအလွယ်တကူ သိရှိလေ့လာနိုင်ရေးအတွက် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရရှိထားသည့် ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)