တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ





တာမွေ       ဧပြီ        ၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင် ပြောပြိုင်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မို့မို့အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် ဆရာနေထွဋ်နောင်က ပြိုင်ပွဲစည်းမျဉ်းစည်း ကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တာမွေမြို့နယ် အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများ အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ပြိုင်ပွဲတွင်ထူးချွန်ဆုရရှိသူ ကျောင်းသားလေးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေ ဖြင့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ထက်သန်လာစေရန်နှင့် နွေရာသီ ကျောင်းအားလပ်ရက်များတွင် စာကြည့်တိုက်၌ ပညာဗဟုသုတရှာမှီးရင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ယခုလို ပြိုင်ပွဲများကျင်းပပေးခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)