လက်ပံတန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ပူဇော်ကန်တော့ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လက်ပံတန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ပူဇော်ကန်တော့

%E1%81%82%E1%81%89

လက်ပံတန်း  ၊ ဧပြီ  ၁၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်တော်အဖြစ် စိန်သီဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ယနေ့နံနက် ၉ နာရီက ပူဇော်ကန်တော့ပွဲ ကို အဆိုပါ ဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယ၌ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှေက်ရေးအသင်းတို့မှ သက်ကြီးဘိုးဘွား ၂၃ ဦးတို့အား တစ်ဦးလျှင် သုံးသောင်းကျပ် ဝတ္ထုငွေများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

ထို့အပြင် သံဃာတော်အရှင်သူမြတ်များက မော်တော်ယဉ်များဖြင့် မြို့နယ်အတွင်းသို့ လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages