တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင် တော်မူကြသောစာအောင် အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက် မှတ်ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင် တော်မူကြသောစာအောင် အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက် မှတ်ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားတက်ရောက်

 



ပုသိမ်    ဧပြီ         ၁


၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင် အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန် တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။


ဦးစွာ ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသူများမှ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ  ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာ လျှောက်ထားခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသောစာအောင် အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူ ဒါန်းခဲ့ရာ ဓမ္မာစရိယနှင့် နိကာယ်(ဂုဏ်ထူးတန်း)အောင်မြင်သည့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှလည်းကောင်း၊ နိကာယ်၊ ပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ အခြေပြုမူလတန်း) အောင်မြင်သည့် သံဃာတော်များအား အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများကလည်းကောင်း၊ ပါဠိပထမပြန် (လတ်)စာမေးပွဲအောင်မြင်သည့် အမျိုးသမီးတစ်ဦးနှင့် ပါဠိပထမပြန်( အခြေပြုမူလတန်း) စာမေးပွဲအောင်မြင်သည့် သီလရှင်ဆရာလေး တစ်ဦးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးမှလည်းကောင်း၊ ပါဠိပထမပြန်(အခြေပြုမူလတန်း) စာမေးပွဲအောင်မြင်သည့် သီလရှင်ဆရာလေးတစ်ဦးအား အနောက်တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူး၏ဇနီးမှလည်းကောင်း စာအောင်ဆုနှင့်အောင်လက်မှတ်များအသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)  ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရား ဟောကြားချီးမြှင့်၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်းပတ္ထနာပြု၍ အခမ်းအနားရုပ်သိမ်းခဲ့ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲတို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်စာဖြေဌာနမှဓမ္မာစရိယစာမေးပွဲ၌ “ သာသနဓဇဓမ္မာစရိယ”ဘွဲ့ရ အရှင် သူမြတ်(၄)ပါး၊ နိကာယ်စာမေးပွဲ အုပ်စု(၂)၊ ဒီဃနိကာယ်(၃)ကျမ်းတွင် တစ်နိုင်ငံလုံး ပထမဂုဏ်ထူးဖြင့် အောင်မြင်တော်မူသော အရှင်သူမြတ်(၁)ပါးနှင့် “ဝိဒူ”ဘွဲ့ရ အရှင်သူမြတ် (၂၀)ပါး ပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းအောင်(၁၁)ပါး၊ ပထမလတ်တန်း အောင်(၂၄)ပါး၊ ပထမငယ်တန်းအောင်(၃၆)ပါး၊အခြေပြုမူလတန်းအောင်(၅၄)ပါး၊ စုစုပေါင်း (၁၅၀) ပါး အောင်မြင်ခဲ့ကြောင်းသိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)