ချောက်မြို့၌ ရှင်အပါး (၂၅၀) ရှင်ပြုအလှူတော်အခမ်းအနားအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့၌ ရှင်အပါး (၂၅၀) ရှင်ပြုအလှူတော်အခမ်းအနားအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ




ချောက် ဧပြီ ၂


တောင်တွင်း​ကြီး​မြို့နယ် ဗိဿနိုးဒေသရှိ ​​ရွှေရောင်တော်ဘုရားတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူတော်အခမ်းအနားတွင် ချောက်မြို့နယ်မှ ရှင်အပါး (၂၅၀) သွားရောက်မည်ဖြစ်၍ အခမ်းအနားအောင်​​မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြား​ပြီး အစည်းအဝေးတွင် ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ဧပြီလ ၅ ရက်တွင် ရှင်အပါး (၂၅၀) ကြိုဆိုပို့ဆောင်ရေးအတွက် တာဝန်ခွဲဝေချထားမှု၊ ဧပြီ ၈ ရက်မှ ၉ ရက်နေ့များတွင် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်ဆောင်ရွက်မည့် အစီအစဥ်နှင့် ဧပြီ ၁၁ မှ ၁၂ ထိ ရှင်အပါး (၂၅၀)အား ဆရာတော်  ၅ ပါးမှ ယဉ်ကျေးလိမ္မာသင်တန်းပို့ချ၍ ဝေပုလ္လနှင့် အာရုဏ်ဆွမ်း၊  နေ့ဆွမ်းဆက်ကပ်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့​ကြောင်း သိရသည်။


အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်မိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)