တောင်ငူအကျဥ်းထောင်နှင့် လေးမိုင်ကုန်ထုတ်စခန်းမှ အကျဥ်းသား၊ အကျဥ်းသူ (၅၄)ဦး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူအကျဥ်းထောင်နှင့် လေးမိုင်ကုန်ထုတ်စခန်းမှ အကျဥ်းသား၊ အကျဥ်းသူ (၅၄)ဦး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ရရှိ




တောင်ငူ ၊ ဧပြီ ၁၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ် မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့မတိုင်မီ၊ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ်၊ ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဥ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလျက်ရှိရာ ယနေ့နံနက် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင်  တောင်ငူအကျဥ်းထောင်နှင့် လေးမိုင်ကုန်ထုတ်စခန်းမှ အကျဥ်းသား၊ အကျဥ်းသူ (၅၄)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။


ထိုသို့လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် တောင်ငူအကျဥ်းထောင်ဧည့်ရိပ်သာ၌ တောင်ငူအကျဥ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်မြင့်စိုး၊ တောင်ငူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး မျိုးသက်ထွန်း၊ သတင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး စိုးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကေတုမတီမြို့သစ်အုပ်ချုပ်ရေးမှူး ဒုတိယဦးစီးမှူး ဦးမျိုးမင်းလတ်၊ တောင်ငူလေးမိုင်စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးမောင်မောင်လှိုင်၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးနန်းဝင်းအောင်၊  မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ဌေးတို့က လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ အကျဥ်းသား (၄၉)ဦး၊ အကျဥ်းသူ (၅)ဦး၊ စုစုပေါင်း(၅၄)တို့အား နောင်တွင် ပြစ်မှုများ ထပ်မံကျူးလွန်ခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်ရန် ဆုံးမသြဝါဒစကားပြောကြားပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း တောင်ငူအကျဥ်းထောင်မှ သိရသည်။


ဇော်ကိုကို (တောင်ငူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)