ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ပန်လျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရန်အတွက် ပန္နတင်မင်္ဂလာအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ပန်လျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရန်အတွက် ပန္နတင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်




ဟိုပုံး မတ် ၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများမှ မီးရှိဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပန်းလျန်း ကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်သစ် ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ပန္နတင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပန်လျန်းကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်များ၊ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်၊ လိုင်းကလဘုန်းတော်ကြီးကျောင်း ဆရာတော်တို့က ကျောင်းထိုင်ဆရာတော်အတွက် (၂)ထပ်ကျောင်း ဆောင်သစ်ဆောက် လုပ်နိုင်ရန်အတွက် ပန္နတင်မင်္ဂလာအခမ်းအနားဆောင်ရွက်ခဲ့ကြပြီးနောက် အမွှေးနံ့သာရည်များ ပက်ဖြန်းခဲ့ကြသည်။ ဆက်လက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များက အမွှေးနံ့သာရည်များ ပက်ဖြန်းပြီး ဆုတောင်းမေတ္တာပို့သကြသည်။   ထို့နောက် ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင် သစ်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် ဇနီးမိသားစုတို့က လှူဖွယ်ပစ္စည်းနှင့် အလှူငွေများဆက်ကပ်လှူဒါန်းပြီး အလှူရှင် ဦးစိုင်းနော်အေးမိသားစုမှ မတည်ငွေကျပ်သိန်း (၅၀)တို့ကို  ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ ပန်လျန်းကျေးရွာဘုန်းတော်ကြီးကျောင်းသည် အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် ကျောင်းဆောင်သစ်ကို ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများဝိုင်းဝန်းပူးပေါင်း၍ အလျား(၄၈)ပေ၊ အနံ(၃၀)ပေရှိ နံကပ်(၂)ထပ် ပြန်လည်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် အကြမ်းဖက်သောင်းကျန်းသူများမှ မီးရှိဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာတွင် ဒေသခံပြည်သူများမှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)