ကရင်ပြည်နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်ချက်များ တာဝန်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်ချက်များ တာဝန်ပေးအပ်

 



ဘားအံ ဧပြီ ၉


၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင် ကရင်ပြည်နယ်၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၉၅၀ ဘီလီယံအကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၂ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားကြောင်း ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲမှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးကို ရည်မှန်းချက်အဖြစ်ထားရှိပြီး နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ပြည်နယ်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့်လုပ်ငန်းစီမံကိန်းများကို ဦးစားပေးလျာထားကြောင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့်ဘဏ္ဍာရေးကြီးကြပ်မှုလုပ်ငန်းများကို တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲပြီး ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး တက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က လုပ်ငန်းစီမံကိန်းများအရည်အသွေးမီ အချိန်မီပြီးစီးနိုင်ရေး၊ လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး၊ စီမံကိန်းနှင့်ဘတ်ဂျက်ဆက်စပ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းပြီးစီးမှုပမာဏနှင့်ညီမျှသည့် ငွေကြေးသုံးစွဲမှုများဖြစ်စေရေးနှင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားပြီး ပြည်နယ်စီမံကိန်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးချစ်ဝေက ကရင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း၏ ကဏ္ဍတစ်ခုချင်းအလိုက် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စာသင်ဝိုင်း ၂၀၃ ဝိုင်း၊ စာသင်ဝိုင်းနည်းပြ ၂၀၃ ဦး၊ ကြီးကြပ် ၂၆ ဦး ဖြင့် ဧပြီလ ၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ ရက်ပေါင်း ၄၀ ကြာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ်အတွင်းရှိ စာသင်ဝိုင်းများတွင် စာသင်သားများအေးချမ်းပျော်ရွှင်စွာ သင်ကြားသင်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းစာသင်ဝိုင်းတွင် နည်းပြကြီးကြပ်များမှ အသက် (၁၅)နှစ်နှင့်အထက် သက်ကြီးစာမတတ်သူများ အခြေခံစာတတ်မြောက်ရေးအတွက် ဘာသာရပ်များအလိုက် ထိရောက်သောနည်းစနစ်များဖြင့် စေတနာအရင်းခံ၍ စိတ်အားထက်သန်စွာ သင်ကြားသင်ယူနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ စိတ်ပါဝင်စားစွာ လာရောက်လေ့လာသင်ယူနေကြသည့် စာသင်သားများအား အားဖြည့်အချိုရည်များ ဝေငှပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ လှိုင်ဝါးကျေးရွာ အခြေခံပညာမူလတန်းကျောင်းစာသင်ဝိုင်း၌ စာသင်သား ၂၉ ဦးတို့၏ သင်ကြားသင်ယူနေမှုအခြေအနေများကို သွားရောက်ကြည့်ရှု၍ အားပေးစကားများပြောကြားပြီး အားဖြည့်အချိုရည်များဝေငှပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)