တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 


ထားဝယ်   ၊    ဧပြီ    ၂၉


တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသတွင်း ခရီးစဉ်နေရာအသီးသီးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို ပြုလုပ်နိုင်ခဲ့သည်မှာ(၁၃)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊  ဟိုတယ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်တည်ဆောက်ခွင့်ပြု(၁၁)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ်(၁၂)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်အသစ်(၃)ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အသစ်(၂၂)ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ်(၂)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၃၅)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းအတွက် ခွင့်ပြု(၆)ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း(၃၀)ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်သက်တမ်းတိုးခြင်း (၇၄)ခုတို့ကို စိစစ် ခွင့်ပြုပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အဓိကအနေဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ရောက်လာမှုအပေါ်မူတည်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများအား ရရှိအောင်ဆောင်ရွက်သည့်လုပ်ငန်းလည်း ဖြစ်ကြောင်း၊ ယခင်က နိုင်ငံခြားခရီးသွား လုပ်ငန်းနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းဟူ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းအား ရည်မှန်းထားသလောက် လုပ်ကိုင်နိုင်ခဲ့ခြင်းမရှိ၍ ထားဝယ်အနေဖြင့် လျော့နည်းကျဆင်းခဲ့ရကြောင်း၊ နယ်မြေဒေသ အေးချမ်းတည်ငြိမ်သွားပါက ယခုထက်မက ပိုမိုတိုးတက်အောင်မြင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ များစွာအထောက်အပံ့ဖြစ်စေနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့် ဒေသတွင်းခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ရန် ကော်မတီအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက  ကော်မတီဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်စေရန်၊ ခရီးစဉ်နေရာများ ရေရှည်တည်တံ့ခိုင်မြံစေရန်၊ ခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်ပြီးရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင်များအား လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရန်ရည်ရွယ်ပြီး ဝိုင်းဝန်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့်ဝန်ဆောင်မှု ကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)