ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်နှင့်လယ်ဝေးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်နှင့်လယ်ဝေးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားများကျင်းပ



နေပြည်တော် ဧပြီ ၇

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသုံးပစ္စည်းများ ပေးအပ်ရာ ဥတ္တရခရိုင် ပညာရေးမှူးက လက်ခံရယူသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များနှင့်တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အလားတူ ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကို နေပြည်တော် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသုံးပစ္စည်းများပေးအပ်ရာ လယ်ဝေးခရိုင် ပညာရေးမှူးက လက်ခံရယူသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများက စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များနှင့်တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယခုဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စာသင်သားပေါင်း ၁၉၅၈ ဦးကို စာသင်ဝိုင်းပေါင်း ၁၃၆ ဝိုင်း စုဖွဲ့၍ စေတနာလုပ်အားပေးနည်းပြ/ကြီးကြပ်ပေါင်း ၁၇၉ ဦးတို့က ၁ ရက် ပျမ်းမျှ ၃ နာရီ၊ နာရီအားဖြင့် ၁၂၀၊ ရက်အားဖြင့် ၄၀ ကြာ စာတတ်မြောက်ရေးသင်ကြားခြင်းနှင့်အတူ လူမှုဘဝမြင့်မားရေးဆိုင်ရာအသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ နေပြည်တော်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်နှင့်လယ်ဝေးခရိုင် စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးကြမည့် စေတနာလုပ်အားပေးနည်းပြ/ကြီးကြပ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ယခုဆောင်ရွက်သည့် စာတတ်မြောက်ရေးလုပ်ငန်းတွင် Mobile Application ကို အသုံးပြုပြီး “ဝ၊ ထ၊ က၊ လ၊ သ” အဆင့်မှ “အ” သုံးလုံးကျေအဆင့်ထိ စာသင်သားများ ကိုယ်တိုင်လေ့လာသင်ယူနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သည်။ ယင်း Mobile App အသုံးပြုနည်းကိုလည်း ဗဟိုအဆင့်နည်းပြသင်တန်းတွင် ထည့်သွင်းပို့ချခဲ့ပြီး စာသင်ဝိုင်းများရှိ စာသင်သားများကိုလည်း Mobile Application အသုံးပြုနည်း သင်ကြားပြသ၍ သင်ယူတတ်မြောက်မှုလွယ်ကူလျင်မြန်စေရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)