နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အောင်စာရင်းများထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အောင်စာရင်းများထုတ်ပြန်



နောင်ချို  ၊ ဧပြီ  ၂၈

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်လျက်ရှိရာ ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် စာမေးပွဲအောင်စာရင်းများကို ယမန်နေ့ နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၈၈)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)၊ ကိုယ်ပိုင်ကျောင်း(၃) စုစုပေါင်း ကျောင်းပေါင်း (၁၉၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသာများ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး KG တန်းမှ Grade-11 ထိ ကျောင်းတွင်းဖြေဆိုအောင်မြင်သူ (၂၅၀၁၆) ဦးဖြစ်ကြောင်း၊ အောင်မြင်မှုရာခိုင်နှုန်း (၉၉.၃၀၉) ရှိကြောင်း၊ အဆိုပါ အောင်စာရင်းများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် ထုတ်ပြန်ကပ်ထားပေးကြောင်း၊ အောင်စာရင်များကို ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများ လာရောက်ကြည့်ရှုကြကြောင်း ပညာရေးဌာနမှ သိရသည်။


ထွေးငယ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)