သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ


216

သထုံ ဧပြီ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သထုံမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ကျေးရွာအလိုက် စီမံကိန်းအသီးသီးတို့မှ ကော်မတီဝင်များအနေဖြင့် မိမိတို့၏အခက်အခဲများ လိုအပ်ချက်များကို စေ့ငှသေချာစွာ စုပေါင်းသုံးသပ်ပြီး ပွင့်လင်းမြင်သာစွာ အကြံပြုဆွေးနွေးကြစေလိုကြောင်း အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သွယ်ဦးက သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village)၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများနှင့် ဆိုလာရေတင်လုပ်ငန်းတို့၏ စီမံကိန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျေးရွာအသီးသီးတို့မှ ကော်မတီဝင်များက စီမံကိန်းအလိုက် ရန်ပုံငွေထုတ်ချေးခြင်း၊ အတိုးရငွေများ စနစ်တကျ စာရင်းပြုစုခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ အခက်အခဲများကို အုပ်စုဖွဲ့ဆွေးနွေး၍ အဖွဲ့အလိုက်ပြန်လည်သုံးသပ်တင်ပြကြရာ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကဏ္ဍအလိုက် ပြန်လည်အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သထုံမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village)၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများနှင့် ဆိုလာရေတင် လုပ်ငန်းတို့ ဆောင်ရွက်နေကြသည့် ကျေးရွာ ၁၉ ရွာတို့မှ ကော်မတီဝင် ၃၈ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages