ကလေးမြို့တွင် ပါဠိပထမပြန်စာမေးပွဲများ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့တွင် ပါဠိပထမပြန်စာမေးပွဲများ ဆက်လက်ဖြေဆို




ကလေး ဧပြီ ၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲများကို မတ်လ ၂၈ ရက်မှ စ၍ စကားလှဘုန်း‌တော်ကြီးကျောင်း၊ မြို့မဓမ္မာရုံစာဖြေဌာန တွင် ယမန်နေ့ နံနက်ပိုင်းက   ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


အဆိုပါ  ပါဠိပထမပြန်စာမေးပွဲများ၏ ပထမကြီးတန် ယမိုက်အထက်(၅)ကျမ်းတွင် ၄၄ ပါး၊၊ ပထမလတ်တန်း ယမိုက်အောက်(၅)ကျမ်းတွင် ၅၅ ပါး၊ ပထမငယ်တန်း ဘာသာပြန်ဘာသာရပ် တွင် ၇၀ ပါး၊  ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၆၉ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။


စာမေးပွဲများ အဆင်ပြေချောမွေ့စွာ‌ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဘောဇဉ်များနှင့် သွားလာမှုအဆင်ပြေလွယ်ကူစေရေး နေ့စဥ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)