ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ချည်မျှင်ရှည် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ချည်မျှင်ရှည် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော်၊ ဧပြီ ၂၁

ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆီထွက်သီးနှံအထူးဇုန် တာဝန်ခံများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံအထူးဇုန်များအတွက် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လိုအပ်ချက် အပြည့်အဝပံ့ပိုးကူညီပေးသွားမည်ဖြစ်၍ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများ စိုက်ဧကမှန်ကန်ရေး၊ သီးနှံအထွက်မှန်ကန်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့အတွက် ဇုန်တာဝန်ခံများအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ မူဝါဒများစီမံခန့်ခွဲမှုများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ဧကနှင့် အထွက်နှုန်းဆိုင်ရာ စာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန်စေရေးကို သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်ကြရန်လိုကြောင်း။


ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက်နှင့် သွင်းအားစုလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ဒေသအလိုက် စိစစ်ဆောင်ရွက်ရန်၊ ချည်မျှင်ရှည်ဝါသီးနှံဆွတ်ခူးချိန်တွင် ဝါအရည်အသွေးအလိုက် ဆွတ်ခူးသိမ်းဆည်းခြင်း နည်းပညာပေးခြင်းကို ပညာရှင်များကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပေးရန်၊ လက်ရှိဝါကြိတ် စက်လုပ်ငန်းများ၏ စက်စွမ်းအားနှင့် ဆွတ်ခူးပြီး စက်ရုံများသို့ ရောက်ရှိသွားသည့် ဝါဂွမ်းပမာဏ အား စနစ်တကျ စာရင်းကောက်ယူ၍ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်တွင်းသုံးစွဲမှု အခြေအနေမှန်ကိုသုံးသပ်ပြီး ပြည်တွင်းသုံးစွဲမှုဖူလုံစေရန် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းကို ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်သွားမည်ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်စီမံဆောင်ရွက်ကြရန် ပြောကြားသည်။


ထို့နောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဇုန်တာဝန်ခံများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြသည်။


ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲ၍ စားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ ဆီတင်သွင်းမှုလျှော့ချရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် တွင် တိုင်းဒေသကြီး ပြည်နယ်ခုနစ်ခုရှိ ဆီထွက်သီးနှံအထူးဇုန်များ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသအလိုက် အထွက်နှုန်းကောင်းမွန်သော မြေပဲ၊ နှမ်း၊ နေကြာမျိုးများကို အသုံးပြု၍ စိုက်ပျိုးနိုင်ရန် ဌာန၊ ပုဂ္ဂလိကနှင့် မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့များ ပေါင်းစပ်ဆောင် ရွက်သွားမည်ဖြစ်ပြီး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ပေါင်းစပ်အသုံးပြုနိုင်ရေးအပါအဝင် ဒေသအလိုက် ရေရရှိရေးနည်းလမ်းများ၊ လယ်ယာသုံးစက် ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေးလုပ်ငန်းများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်းမှုတို့ဖြင့် နည်းပညာပေးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိကြောင်း သိရသည်။


#News

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)